BEC-TERO TV

ကျွန်မကမူးယစ်ဆေးပါပဲလို့ ညွှန်းဆိုလိုက်တဲ့ လုလုအောင်

05 Sep 2018     2,024 Views


ခေးကြီးလုလို့ ပုရိဿတွေကချစ်စနိုးတင်စားခေါ်ဝေါ်ကြတဲ့လုလုအောင်ကတော့ စွဲမက်ဖွယ်ရာကောင်းလောက်တဲ့ ရှိုက်ကြီးဖိုငင်အသွယ်သွယ်နဲ့ ယောကျာ်းထုကြီးကိုညှို့ယူဖမ်းစားထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်... ခေးမေလို့မထင်ရလောက်အောင် အပျိုလေးတစ်ယောက်လိုနုပျိုလင်းလက်လှပနေတဲ့ လုလုကပရိသတ်တွေနဲ့လဲ အဆက်အသွယ်မပြတ်အောင်နေတတ်သူတစ်ဦးပါ...

မကြာခဏဆိုသလိုလဲ အမျိုးသားထုကြီးတစ်ခုလုံးကို ရင်တလှပ်လှပ်ဖြစ်သွားစေမယ့် sexy ကျကျပုံရိပ်များနဲ့ဖမ်းစားလေ့ရှိတဲ့ ခေးကြီုးလုရဲ့အလှကတော့ ယစ်မူးလောက်စရာပါပဲနော်...  ဒါကိုသူမက “ ‘I dnt do a drugs ...am a drug’ ကျွန်မမူးယစ်ဆေးဝါးမသုံးဘူး၊ ကျွန်မကိုယ်တိုင်က မူးယစ်ဆေးပဲ” လို့ သူမကိုသူမ ညွှန်းဆိုရေးသားလိုက်တာပဲဖြစ်ပါတယ်။ ကြည့်မိသူတိုင်းကို ယစ်မူးစွဲငြိသွားအောင်ဖမ်းစားနိုင်တဲ့ ခေးကြီးလုဟာ ယောက်ျားထုကြီးအတွက်တော့ အမှန်တကယ်ကိုမူးယစ်ဆေးပါပဲနော်...

ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ ခေးကြီးလုဟာ အနုပညာလောကထဲကို Sexy photo မော်ဒယ်တစ်ယောက်အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမဟာလက်ရှိမှာ ကြော်ငြာများစွာကို ရိုက်ကူးမှုတွေပြုလုပ်နေပြီး မိခင်တာဝန်ကိုလဲကျေပွန်အောင် ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

 

 


05 Sep 2018     2,024 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment