BEC-TERO TV

သမီးရည်းစားချင်း စကားများရာမှ ဓါးနဲ့ထိုးပြီး ကားဖြင့် မသေမချင်းကြိတ်သတ်

06 Sep 2018     1,297 Views


ရည်းစားဖြစ်သူ ကောင်မလေးအား ဓားဖြင့် ထိုးကာလမ်းပေါ် ပစ်ချပြီး ကားဖြင့်မသေမချင်း ကြိတ်သတ်မှုကြောင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို လူသတ်မှုဖြင့် အရေးယူခဲ့သည်။

အသက် ၁၉ နှစ်အရွယ် “အယ်ရင်ကတ်စ်ထရို” မိန်းကလေးကို တက္ကဆက်မြို့ စန်အန်တိုနီယို ကားလမ်းမပေါ်မှာ လွန့်ခဲ့တဲ့ တနင်္ဂနွေနေ့က သေဆုံးလျှက် တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူ၏ မိခင်ပြောကြားချက်အရ အဆိုပါအဖြစ်ဆိုးကြီး ဖြစ်ပွားနေချိန်မှာ သမီးဖြစ်သူက ကြောက်လန့်တကြား သူမကို ဖုန်းဆက်ခဲ့ကာ အကြောင်းစုံပြောကြားခဲ့ပါတယ်။

ကားမောင်းလာရင်း သမီးရည်းစားနှစ်ဦး စကားများရန်ဖြစ်ရာမှ “ဂျော့ရှာ” က သူမရဲ့လည်ပင်းကို ဓားနဲ့ထိုးပြီး ကားပေါ်ကလည်း ဆင်းခွင့်မပေးကြောင်း မိခင်ဖြစ်သူအား ထိတ်လန့်စွာနဲ့ ဖုန်းဆက်ပြောခဲ့ပါတယ် အဲဒီနောက် ကားနဲ့တိုက်သတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

မိခင်ဖြစ်သူက အရေးပေါ် ၉၁၁ သို့ ဆက်သွယ်ခဲ့ပြီး သက်ဆိုင်ရာက သူတို့နှစ်ဦးရဲ့ တည်နေရာကို ထောက်လှမ်း သိရှိခဲ့ပြီး ရောက်သွားချိန်မှာတော့ “ကတ်စ်ထရို” ကို သေဆုံးလျှက်တွေ့ခဲ့ပါတယ်။

အဆိုပါအမှုတွင် တရားခံ “ဂျော့ရှာ” ၏ ညီဖြစ်သူက မျက်မြင်သက်သေထွက်ဆိုခဲ့သည်။ ရည်းစားဖြစ်သူ “ကတ်စထရို” နှင့် ပြဿနာရှင်းရန် အစ်ကိုဖြစ်သူက “ဂျော့ရှာ”က သူအား အဆိုပါနေရာသို့ ကောင်းမောင်းစေခဲ့ပြီးနောက် ကားရဲ့အပြင်ဘက်မှာ သမီးရည်းစားနှစ်ဦး ပြဿနာဖြစ်ကြကြောင်း အဲဒီနောက် “ဂျော့ရှာ” က ကောင်မလေးကို ကားနဲ့တိုက်ခဲ့ပြီး နောက်ပြန်မောင်းကာ ထပ်မံတက်ကြိတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အဲဒီနောက် အလောင်းကို ထားခဲ့ကာ ညီအစ်ကိုနှစ်ယောက် အိမ်ပြန်မောင်းလာခဲ့ပြီး လမ်းတွင် “ဂျော့ရှာ”က ညီဖြစ်သူအား ကောင်းမလေးက သူ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့ ဒီလိုလုပ်ခဲ့ကြောင်း ညီဖြစ်သူအား ပြောဆိုခဲ့သည်။
လက်ရှိမှာတော့ “ဂျော့ရှာဂါစီယာ” ကို အာမခံမပေးပဲ လူသတ်မှုဖြင့် ဖမ်းဆီးထားလျှက်ရှိသည်။

 


06 Sep 2018     1,297 Views




RELATED

Most Popular of Special or Others

Most Popular of NEWS