ဆံပင်စတိုင်အသစ်လေးနဲ့ ထိမိနေအောင်လန်းနေတဲ့ ပိုပို
07 Sep 2018 1,837 Views

အနုပညာလောကမှာ နေရာတစ်နေရာကိုအခိုင်အမာရရှိထားပြီးသားဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ မကြာခင်ရက်ပိုင်းမှာပဲ သူမရဲ့တတိယမြောက် Album ဖြစ်တဲ့ Master piece ဆိုတဲ့ DVD Album အခွေလေးကို ထွက်ရှိတော့မှာပဲဖြစ်ပါတယ်။ အခွေမထွက်ခင်၊ promotion ပွဲတွေမလုပ်ခင်မှာ ပရိသတ်တွေရဲ့ အမြင်လေးဆန်းသွားအောင် သူမရဲ့ ဆံပင်ကာလာလေးကို ပြောင်းလဲလိုက်ပါတယ်။
Hair colour အမိုက်စားလေးအပြင် သူမတစ်ခါမှမလုပ်ဖူးတဲ့ မျက်တောင်တွေတောင်ဆက်ပြီး အလှတွေပြင်ထားကြောင်းကို “ဒီမှာကောင်လေး မင်းမမအရမ်းမိုက်နေတာကို မင်းလိုက်ကြွားစရာမလို လူတိုင်းအသိ အယ့်လယ်… အခွေ ထွက်ခါနီး တစ်ခါမှ မလုပ်ဖူးတဲ့ မျက်တောင်လေး ဆက်ပြီးတော့ အရမ်းတွေကြိုက်နေတာ… ဘဲကြည်အောင် ဆံပင်တွေတောင် Colour ပြောင်းထားတယ်… အခွေထွက်ခါနီး အမြင်မတူအောင် Teacher Gyii Lim lim ကအလှဆုံးပြင်ပေးထားပါတယ်” ဆိုပြီ သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရေးသားထားပါတယ်။ ပရိသတ်တွေအတွက် အမြင်ဆန်းသွားစေမယ့် Hair colour အသစ်လေးနဲ့ အလန်းစားဂေါ်နေတဲ့ ပိုပိုရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်...













