BEC-TERO TV

ယာဉ်မတော်တဆမှုကြောင့် ရည်းစား ၁၇ ယောက် တစ်ပြိုင်ထဲတွဲတာ ပေါ်သွားခဲ့သူ

10 Sep 2018     1,327 Views


တရုပ်နိုင်ငံက မစ္စတာယွန်း လို့အမည်ရတဲ့ အမျိုးသားတစ်ဦး ယာဉ်မတော်တဆမှုကြောင့် သတိလစ်မေ့မြောကာ ဆေးရုံရောက်ခဲ့ရပြီး သူပြန်သတိရလာတဲ့အခါမှာတော့ ဘယ်သူမှ မသိအောင် တစ်သက်လုံး ဖုံးခဲ့သမျှ အရှုပ်ဇယားတွေ ဖုံးဖိမရအောင် ဗူးပေါ်သလို ပေါ်ခဲ့ပါတယ်။

သူဆေးရုံပေါ်မှာ သတိပြန်လည်လာချိန် သူမျက်စိရှေ့မှာ လက်ရှိတွဲနေတဲ့ ရည်းစား (၁၇)ယောက်လုံးကို တစ်ပြိုင်တည်းတွေ့လိုက်ရတာကြောင့် အံ့သြထိတ်လန့်ကာ တစ်ခါပြန်ပြီး အတိတ်မေ့ချင်သလိုလို ဖြစ်သွားခဲ့ရပါတယ်။

မိန်းကလေး ၁၇ ယောက်စလုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ အခုမှတွေ့ဖူးကြတာဖြစ်ပြီး အားလုံးဟာ မစ္စတာယွန်း ရဲ့ ရည်းစားတွေ ဖြစ်ကြောင်း အချင်ချင်း သိသွားတဲ့အခါမှာတော့ ..။

သူရဲ့ ရည်းစား ၁၇ ယောက်ထဲမှာ တွဲနေတာ ၉ နှစ်ခန့်ကြာသူ ပါသလို၊ အွန်လိုင်း အချိန်အချက် ဆိုက်မှာတွေ့ပြီး ၁၈ လခန့်သာ တွဲရသေးပေမယ့် မစ္စတာယွန်း နဲ့ ကလေးရှိနေသူ တစ်ဦးလည်း ပါဝင်ကြပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့ အိပ်မက်က တစ်ချိန်ကြရင် မစ္စတာယွန်း နဲ့ လက်ထပ်မယ်ဆိုတဲ့ အိမ်မက်ပါပဲ။

ဒါပေမယ့် ရည်းစားဟာ တစ်ယောက် နှစ်ယောက် အပြိုင်တွဲတာ မဟုတ်ပဲ ၁၇ ယောက် တစ်ပြိုင်တည်း တွဲတာဆိုတော့ သူတို့တွေအားလုံး အမျိုးသားကို နာကျည်းမုန်းတီးသွားကြပါတယ်။

ကျွန်မ သူယာဉ်တိုက်မှုကြောင့် ဆေးရုံတက်ရတယ်ကြားတော့ အရမ်းစိတ်ပူသွားတယ်၊ ဒါပေမယ့် ဆေးရုံကို မိန်းမချောလေးတွေ တစ်ယောက်ပြီး တစ်ယောက် တဖွဲဖွဲရောက်လာတော့ ကျွန်မ အံ့သြပြီး မငိုနိုင်တော့ပါဘူး” လို့ ၉ နှစ်ကြာတွဲခဲ့တဲ့ အမျိုးသမီးက ဆိုပါတယ်။

မစ္စတာယု နဲ့ ကလေးရထားသူ “ကျိုးလီ” ဆိုတဲ့အမျိုးသမီးကတော့ “ကျွန်မဘာတတ်နိုင်မှာလဲ..? သူကိုကျွန်မ အတော်မုန်းသွားပြီ ဒါပေမယ့် သားလေးကိုတော့ ချစ်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

ဒီသတင်းဟာ တရုပ်သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ပါလာပြီး အွန်လိုင်းသုံးသူများကြားမှာ ပြောစရာသတင်းတစ်ပုဒ်လို ပျံ့နှံ့ခဲ့ပါတယ်။ အချိန်းအချက်လုပ်တဲ့ ဝဘ်ဆိုက်ထဲက အမျိုးသား အမျိုးသမီးတွေကို လွယ်လွယ်နဲ့ မယုံသင့်ကြောင်း ဝေဖန်ကြပါတယ်။
အချို့အမျိုးသားတွေကတော့ တစ်ပြိုင်ထဲမှာ ရည်းစား ၁၇ ယောက်ကို ထိန်းထားနိုင်တာကို လေးစားတယ်၊ ဘယ်လိုများ ထိန်းထားလဲမသိဘူးလို့ ရေးသားခဲ့ကြပါတယ်။

ရည်းစား ၁၇ ယောက်စလုံး တစ်ပြိုင်တည်း ဆုံသွားတဲ့အချက်ကတော့ သတိလစ်မေ့မြောနေတဲ့ မစ္မတာယွန်း ရဲ့ဖုန်းထဲက နံပါတ်တွေကို ဆေးရုံဝန်ထမ်းက ဆက်သွယ်ပြီး အဖြစ်မှန်ကို အကြောင်းကြားရာကနေ မထင်မှတ်ပဲ အားလုံးကိုချိန်းပြီး ဆုံပေးလိုက်သလို ဖြစ်သွားခဲ့ခြင်းဖြစ်ပါတယ်။


10 Sep 2018     1,327 Views




RELATED

Most Popular of Special or Others

Most Popular of NEWS