BEC-TERO TV

ရင့်သီးလွန်းတဲ့ ဟော့ပေါ့ဆိုင်ပိုင်ရှင်

11 Sep 2018     1,555 Views


ပြီးခဲ့တဲ့ကြာဿပတေးနေ့က နာမည်ကြီး ဟော့ပေါ့ဆိုင်တစ်ခုက ဟော့ပေါ့ အရည်အိုးထဲမှာ ကြွက်သေတစ်ကောင် ပါလာခဲ့တာကြောင့် စားသုံးသူများနဲ့ ဆိုင်ရှင် ပြဿနာတက်ခဲ့ပါတယ်။ စားသုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးပါပြီး ဆိုင်ရှင်က သူမကို ဒီကိစ္စကြောင့် ကလေးပျက်ကျခဲ့ရင် ကလေးဖျက်ချခ လျော်ကြေးပေးမယ်လို့ ရင့်ရင့်သီးသီး တုံ့ပြန်ခဲ့ပါတယ်။

တရုပ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ဝေဖန်းမြို့မှာရှိတဲ့ နံမည်ကြီးဟော့ပေါ့ဆိုင်မှာ ဧည့်သည်အဖွဲ့တစ်ဖွဲ့ စားသောက်နေတဲ့ ဟော့ပေါ့အိုးထဲမှာ ကြွက်သေတစ်ကောင် ပါလာခဲ့တာပါ။
ဆိုင်ရှင်ကို ပြောတဲ့အခါမှာတော့ ဆိုင်ရှင်က အဲဒီအတွက် တရုပ်ယွမ် ၅၀၀၀ (ကျပ် ၁၁ သိန်းကျော်) ပြန်လျော်ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဧည့်သည်တွေက သူတို့ဒီလိုမသန့်ရှင်းတဲ့ အစားအစာကို စားလိုက်ပြီမို့ ဆေးသွားစစ်ဖို့လိုကြောင်း ဆေးစစ်ချက်ထွက်လာရင် တာဝန်ယူရမယ်လို့ ပြောဆိုတဲ့အခါမှာတော့ ဆိုင်ရှင်က သူတို့အဖွဲ့ထဲမှာပါတဲ့ ကိုယ်ဝန်ဆောင်သည်ကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တာဝန်ယူမည်ဆိုတာကလည်း ဒီကိစ္စကြောင့် ကိုယ်ဝန်ဖျက်ချဖို့ လိုခဲ့ရင် ဖျက်ချခအဖြစ် တရုပ်ယွမ်ငွေ ၂၀,၀၀၀ (ကျပ် ၄၅ သိန်းကျော်) လျော်ပေးမည်ဟု ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ငွေအပေးအယူတစ်စုံတစ်ရာမရှိသေးပါဘူး။ သတင်းသမားတွေက သွားရောက်စုံစမ်းတဲ့အခါမှာတော့ ဆိုင်ရှင်က ဒီကိစ္စကို သူတို့စားသောက်ဆိုင် ကုမ္ပဏီရုံးချုပ်က ဖြေရှင်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လတ်တလောမှာတော့ ဈေးကွက်စောင့်ကြည့်ရေး အာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဟော့ပေါ့ကြိုက်တဲ့ သူတွေလည်း မစားခင် ဟော့ပေါ့အိုးကို နှံ့နေအောင်မွှေနှောက်ကြည့်ပါ။ မြန်မာနိုင်ငံမှာလည်း ကြွက်တွေ ပေါ့မှပေါပါ။ အားလုံး ဘေးကင်းကြပါစေ။
 


11 Sep 2018     1,555 Views




RELATED

Most Popular of Special or Others

Most Popular of NEWS