BEC-TERO TV

မြန်မာဆန်ဆန်လေးနဲ့ ရှုမ၀အောင်လှနေတဲ့ သင်ဇာဝင့်ကျော်

12 Sep 2018     2,637 Views


သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်... Sexy ဆန်ဆန်ဖက်ရှင်တွေနဲ့လဲ ညှို့အားပြင်းဆွဲဆောင်မှုရှိသလို မြန်မာအ၀တ်အစားလေးနဲ့ဆိုလဲ ရှုမ၀အောင်လှပလွန်းသူလေးဖြစ်ပါတယ်... ဒီတစ်ခါမှာတော့ သင်ဇာက အရိုးရှင်းဆုံးသောမြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ အချစ်တွေပိုတိုးသွားစေမယ့် မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ သင်ဇာရဲ့ပုံလေးတွေကို ကြည့်လိုက်ကြပါဦးနော်...

မြန်မာဆန်ဆန်လေးနဲ့လှနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကတော့ “တစ်ခါက ဆတ်သေချောင်း” ရုပ်ရှင်ကားကြီး ကန်တော့ပေးပွဲကိုတက်ရောက်ခဲ့တယ့်ပုံလေးတွေဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ စိုးမြတ်သူဇာ၊ သင်ဇာဝင်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က အဓိကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 


12 Sep 2018     2,637 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment