BEC-TERO TV

ဝက်ရူးပြန်ရောဂါအကြောင်းသိကောင်းစရာများ

29 Jul 2015     1,680 Views


ဝက်ရူးပြန်ရောဂါဖြစ်ခြင်းဟာ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှုပ်ရှားမှုဟာ ဦးနှောက်တလျှောက်မှာဖြစ်ပေါ်ခြင်းကြောင်းဖြစ်ပါတယ်။ဦးနှောက်မှာရှိတဲံအာရုံကြောဆဲလေးတွေ ဟာပုံမှန်မဟုတ်တဲ့အတွက်ကြောင့် တက်ခြင်း ဖြစ်ပေါ်ခြင်း ဖြစ်ရတာပါ။ဝက်ရူးပြန်ခြင်းကြောင့် တက်တဲ့အခါပုံမှန်အားဖြင့်တော့တစ်ကြိမ်တစ်ခါဖြစ်ဖူးပြီဆိုရင်နောက်တစ်ခါမဖြစ်နို်င်ပါဘူး ။
 
တစ်ခါထက်ပိုပြီးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီးတော့မှ ဒီဝက်ရူးပြန်ခြင်းအတွက်လိုအပ်တဲ့ဆေးဝါးများကိုနေ့စဉ်သုံးစွဲ ဖို့ လိုအပ်ပါတယ်။ရောဂါလက္ခဏာတွေက တက်ခြင်းမဖြစ်ခင်မှာ ကြိုတင်သတိပေးတဲ့လက္ခဏာတွေဖြစ်တဲ့ ထူးဆန်းတဲ့အနံ့ရတာမျိုး ၊တစ်ကိုယ်လုံးထုံကျင်လာတာမျိုး ၊အော်ဟစ်နေတာမျိုး ၊သတိလစ်သွားတာမျိုး ၊အပြင်းအထန်ခေါင်းမူးခေါင်းကိုက်ဖြစ်တာမျိုး ၊မောပန်းနွမ်းနယ်နေတာမျိုး ၊သတိလစ်သွားတာမျိုးတွေတွေ့ရတက်ပါတယ်။
 
တစ်ချို့တွေမှာ ဆီးဝမ်းမထိန်းနိုင်အောင်ဖြစ်တဲ့အထိ ဖြစ်ကြပါတယ်။ ဒီလက္ခဏာတွေ တွေ့မယ်ဆိုရင် ဆရာဝန်နဲ့သေချာ ပြသဖို့ လိုအပ်ပါတယ်။သွေးချိုရောဂါ အလွန်အမင်းကျတဲ့သူတွေမှာတွေ့ရတက်ပါတယ်။မူးယစ်ဆေးဝါး၊ဆေးလိပ် ၊အရက်တွေကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာလဲတွေ့ရသလို ဖြတ်လိုက်တဲ့ အခါမှာလဲတွေ့ရတက်ပါတယ်။ဦးခေါင်းကို ထိခိုက်ဒါဏ်ရာရတဲ့သူတွေမှာလဲတွေ့ရတက်ပါတယ်။ ဦးခေါင်းမှာရှိတဲ့သွေးကြောတွေ ပုံမှန်မဟုတ်တာမျိုး ၊ဦးနှောက်အမှေးပါးရောင်တဲ့သူတွေ ၊သီးခေါင်းမှာ အကြိတ်ရှိတဲ့သူတွေမှာလဲတွေ့ရတက်ပါတယ်။ဒီရောဂါမျိုးဟာ မျိုးရိုးလိုက်တက်ပါတယ်။
 
ဒီရောဂါနဲ့ပက်သတ်တဲ့ ရောဂါလက္ခဏာတွေကတော့ မိမိဟာ ကားမောင်းနေတဲ့အခါမျိုး ၊ရေကူးနေတဲ့အခါမျိုးတွေမှာ တက်မယ်ဆိုရင် အသက်အန္တာရယ်ဖြစ်နိုင်ပါတယ်။အကြောအဆစ်တွေလွဲသွားတာမျိုး ၊အရိုးကျိုးသွားတာမျိုး တွေဖြစ်တက်ပါတယ်။ဦးနှောက်ကိုထိခိုက်တာမျိုးတွေတွေ့ရတက်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မူးယစ်ဆေးဝါး၊အရက်သေစာ ၊ဆေးလိပ်တို့ကို အလွန်အကျွံသောက်ခြင်းမှရျောင်ရှားရပါမယ်။
 
ဦးခေါင်းကို ထိခိုက်မှုမဖြစ်အောင်ကရုစိုက်သင့်ပါတယ်။ ဆီးချိုရောဂါ ၊သွေးတိုးရောဂါ ရှိတဲ့သူတွေမှာဆိုရင် ဆရာဝန်နဲ့သေချာပြသပြီး ထိန်းထားဖို့လိုပါတယ်။ကိုယ်ဝန်ရှိမယ်ဆိုရင်လဲ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဆရာဝန်နဲ့စနစ်တကျပြသဖို့လိုအပ်ပါတယ်။အတက်ရောဂါဟာ တစ်ကြိမ်ထက်ပိုပြီးဖြစ်မယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာပြပြီး ဒီအတက်ရောဂါနဲ့ပက်သက်တဲ့ဆေးတွေကို ပုံမှန်နေ့စဉ်စွဲသောက်ဖို့လိုအပ်ပါတယ်။

29 Jul 2015     1,680 Views




RELATED

Most Popular of Health Fix

Most Popular of Life Style