BEC-TERO TV

လက်ချောင်းများအကြောမသန်ခြင်းရောဂါအကြောင်းသိကောင်းစရာ

29 Jul 2015     2,860 Views


ပထမဆုံးအနေနဲ့ လက်အကြောညပ်ခြင်း တစ်နည်းအားဖြင့် လက်အကြောကပ်ခြင်း လက်မလေးနဲ့ လက်ချောင်းတွေဟာ အဖြောင့်တိုင်းဖြစ်သွားပြီး လှုပ်ရှားတဲ့အလက်ကပ်နေခြင်းဖြစ်ပါတယ်။ လက်အကြောညပ်ခြင်းဟာ တစ်ခါတရံ အလွန်အမင်း နာကျင်တက်ပါတယ်။ ကြွက်သားများကြားမှာ ရှိတဲ့အရွတ်လေးတွေဟာ တင်းလာပြီး လက်ချောင်းတွေရဲ့ လှုပ်ရှားမှုကိုထိခိုက်စေနိုင်ပါတယ်။
 
အရွတ်ဆိုတာ ကြွက်သားနဲ့အရိုးကို ချိတ်ဆက်ပေးထားတဲ့ ကြွက်သားအမျှင်လေးတွေပဲဖြစ်ပါတယ်။ အရွတ်တွေကိုတော့ အကြောဖုံးလေးတွေက ပြန်ဖုံးထားပေးပါတယ်။ အကြောဖုံးလေးတွေက ထုတ်လိုက်တဲ့ အဆီပိုတွေဟာ လက်တွေရဲ့လှုပ်ရှားမှုကို ပိုလွယ်ကူစေပါတယ်။ လက်ချောင်လေးတွေရဲ့ လှုပ်ရှားမှုဟာ အချိန်အကြာကြီး လှုပ်ရှားမှုပြုလုပ်မယ်ဆိုရင် အကြောဖုံးလေးတွေဟာ ပူလာပြီး တွန်းကန်လာနိုင်ပါတယ်။ အရွတ်တွေရဲ့ လှုပ်ရှားမှုကိုလဲ ထိခိုက်စေနိုင်ပါတယ်။
 
အချိန်ကြာလာတဲ့အခါ နာကျင်လာပြီးတော့ လှုပ်ရှားမှုမှာ အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ လက်ချောင်းလေးတွေရဲ့အောက်ကို နှိပ်နှယ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။လက်ချောင်းလေးတွေရဲ့ အဆစ်လေး နာလာပြီဆိုရင် တန်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ ဒီရောဂါကို ပစ္စည်းတစ်ခုခုအကြာကြီး စုတ်ကိုင်ထားတဲ့အခါနဲ့ အဆစ်အမြစ်ရောင်တက်တဲ့သူတေ၊ွ သွေးတိုးရောဂါရှိတဲ့သူတွေနဲ့ အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ ရောဂါကိုစမ်းသပ်စစ်ဆေးချင်တယ်ဆိုရင် လက်ချောင်းလေးများကို ကွေးဆန့်ပြုလုပ်ပြီး ဘယ်နေရာနာနေတဲ့နေရာနဲ့ ဘယ်လောက် နာနေတယ်ဆိုတာကို သိနိုင်ပါတယ်။
 
ရောဂါက သိပ်မပြင်းထန်ဘူးဆိုရင် လက်ကိုကြပ်စည်းခြင်း ၊လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း နဲ့အချိန်အကြာကြီးတခုခုကို ဆုတ်ကိုင်ထားခြင်းတို့ကို ရှောင်ခြင်းတို့ကိုပြုလုပ်ပေးလို့ ရပါတယ်။ ရေ၈ွက်အနည်းငယ် ပြင်းထန်နေပြီဆိုရင် အရောင်ကျဆေးတွေကို အသုံးပြုသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ surgery လုပ်ခြင်းတို့ကိုလဲ ပြုလုပ်လို့ရပါတယ် ။ ရောဂါနဲ့ပတ်သတ်ပြီး ကာကွယ်မယ်ဆိုရင် ရေနွေးစိမ်ပေးသင့်ပါတယ်။ လက်ကလေးတွေကို နှိပ်နှယ်ပေးခြင်းကိုလဲ ပြုလုပ်ပေးလို့ရပါတယ်။
 
ကြိုတင်ကာကွယ်တဲ့အနေနဲ့လက်မတွေလက်ချောင်းတွေကို အချိန်အကြာပြီး ဆုပ်ကိုင်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ အလုပ်တခုကို အချိန်အကြာကြီးမလုပ်ပဲနဲ့ ေြပြာင်းလဲလုပ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။ မိမိကိုယ်ကို ့ဂရုတစိုက်ပေးတာ အနားယူခြင်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။

29 Jul 2015     2,860 Views




RELATED

Most Popular of Health Fix

Most Popular of Life Style