ထိုင်းနိုင်ငံတွင် တုပ်ကွေးကြီး ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် လူ ၆၉ ဦးသေဆုံး
19 Sep 2018 1,609 Views

ထိုင်းနိုင်ငံရှိ လူဦးရေ ၅ သောင်းကျော်နဲ့ အထက် တို့ဟာ ၂၀၁၈ ခုနှစ် အစောပိုင်း ကာလ ကတည်းက တုပ်ကွေးကြီရောဂါ ကူးစက်ခြင်းကို ခံနေကြရပါတယ်။
ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးရုံး တွင်ရှိသော ကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ တုပ်ကွေးကြီးရောဂါကြောင့် သေဆုံးသူ ၆၉ ဦး ရှိပြီဟု ဆိုထားပါတယ်။
ရောဂါကူးစက်မှုဟာ ဘန်ကောက်မြို့က စတင်ခဲ့တယ်လို့ ယူဆရပြီး သေဆုံးသူ ၆၉ ဦး ထဲမှ ၅ ဦးဟာဘန်ကောက် မြို့ပေါ်မှ လူများဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ အဂါင်္နေ့က ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang ဟာ ရောဂါ
ကူးစက်ခံနေရတာတွေကို တားဆီးဖို့အတွက် မြို့တော်ဘန်ကောက်အပါအဝင် ခရိုင်ပေါင်း ၅၀ ကို ခြင်ဆေးများဖြန်းဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
တုပ်ကွေးကြီးရောဂါဟာ ခြင်မှ ကူးစက်သော ရောဂါဖြစ်ပြီး သာမန် တုပ်ကွေးရောဂါ နဲ့ လက္ခဏာ ဆင်တူတာကြောင့် ထင်ယောင်ထင်မှားလဲ ဖြစ်စေပြီး သေစေနိုင်တဲ့ ရောဂါ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း W.H.O မှ ထုတ်ပြန်ကြေညာ ထားပါတယ်။






