BEC-TERO TV

သားလေးသေဆုံးရတဲ့အဖြစ်ကို လက်ပိုက်ကြည့်နေခဲ့ရတဲ့မိခင်(ရုပ်သံ)

19 Sep 2018     1,661 Views


ဆရာမတွေက ကျွန်မသားလေးအသက်ကို မကယ်ပဲ ဘာလုပ်နေကြတာတုန်း..

အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး မူကြိုကျောင်းမှာ အစာနင်ပြီး လေပြွန်ပိတ်ဆို့ကာ သေဆုံးခဲ့ရတဲ့ စီစီတီဗီ ရုပ်သံကိုကြည့်ရင်း မိခင်ဖြစ်သူက ယူကျုံးမရ ဝမ်းနည်းကြေကွဲစွာနဲ့ အောင်ဟစ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က တရုပ်နိုင်ငံ ဟူနန် ဒေသက မူကြိုကျောင်း တစ်ကျောင်းမှာ ဆရာမဖြစ်သူက ကလေးတွေကို နေ့လည်စာပြင်ဆင်ပေးခဲ့ပြီးနောက် အခန်းအပြင်ကို ထွက်သွားခဲ့ပါတယ်။

သပိမကြာခင်မှာပဲ ကလေးတစ်ယောက် လည်ချောင်းမှာ အစာနင်ပြီး ဒုက္ခဖြစ်နေတာကို အခြားကလေးတွေကလည်း မရိပ်မိခဲ့ပါဘူး၊ ကလေးဟာ ၃ မိနစ်ခန့် အစာနင်နေခဲ့ပါတယ်။ အဲဒီနောက် ဆရာမရောက်လာပြီး ကလေးပါးစပ်ထဲမှာ နင်နေတဲ့ ကိတ်မုန့်ကို ထုတ်ပေးဖို့ကြိုးစားခဲ့ပြီး ကလေးကို ချက်ခြင်း ဆေးရုံပို့ခဲ့ပါတယ်။

ဒါပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။

ဖြစ်စဉ်အပေါ် မိဘဖြစ်သူတွေနဲ့ မူကြိုကျောင်းတို့ အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ကလေးငယ်သေဆုံးခဲ့ရမှုအတွက် ကျောင်းက အစအဆုံး တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

 


19 Sep 2018     1,661 Views




RELATED

Most Popular of Special or Others

Most Popular of NEWS