BEC-TERO TV

အိမ်သာကျင်းထဲကျသွားတဲ့ဖုန်းတစ်လုံးကြောင့် ဆင်းဆယ်သူ လေးဦးသေဆုံး

19 Sep 2018     1,710 Views


စက်တင်ဘာလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ထိန်ကျင်းအုပ်စု၊ ဆန်ကျိမ်းကျေးရွာတွင် ဟမ်းစက်ဖုန်းတစ်လုံး ရေလောင်းအိမ်သားကျင်းထဲ ပြုတ်ကျသွားသဖြင့် ဆင်းဆယ်ရာမှ လူလေးဦးသေးဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ၁၈ ရက်နေ့ ည ၈း၃၀ နာရီခန့်အချိန်တွင် ညီမဖြစ်သူ၏ ဟမ်းဆက်ရေလောင်းအိမ်သာတွင်းထဲသို့ ကျသွားသဖြင့် ၄င်း၏ အစ်ကိုဖြစ်သူအား အကူအညီတောင်းရာ အစ်ကိုဖြစ်သူမှ ပထမဆုံးဆင်းဆယ်ခဲ့ရာ ပြန်တက် မလာသည့်အတွက် ကိုနိုင်ရွှေ ၎င်းနောက် ကိုမောင်ဇော် တဖန် မောင်ရန်နိုင်လင်း ( လူငယ် ၃ ဦး ) တို့ ဆက်တိုက်ဆင်းသက်ခဲ့ရာ အဆိုပါ ရေလောင်းအိမ်သာတွင်း အတွင်းမှာပင်(၄) ဦးလုံး သေးဆုံးနေကြောင်းပဉ္စမ မြောက် ဆင်းသက်ပြီး ပြန်လည်ပြေးတက်ခဲ့သူကပြောသည် ။
 
 
“ညီမဖြစ်သူက အိမ်သာသွားတက်တဲ့ အချိန်မှာ လက်ကိုင်ဖုန်းက အိမ်သာကျင်းထဲပြုတ်ကျသွားတယ်။ ဘာဖုန်း အမျိုးအစားလည်းတော့ မသိဘူး။ အဲဒီလို ကျသွားတဲ့အချိန်မှာ သူအစ်ကိုအရင်း တစ်ယောက်ကို အကူအညီ တောင်းတော့ ဆင်းဆယ်ပေးတဲ့ အချိန်မှာ ပြန်တက်မလာတော့ နောက်တစ်ယောက် ထပ်ဆင်းတယ်။ သူလည်း ပြန်မတက်လာတော့ဘူး။ နောက် မောင်ဝမ်းကွဲ နှစ်ယောက်ထပ်ဆင်းတယ် သူတို့လည်း ပြန်တက်မလာ တော့ ဘူး။ နောက်ငါးယောက်မြောက်ဆင်းတဲ့ လူက လေးယောက်လုံး သေဆုံးနေတာတွေ့တာပါ။ သေဆုံးတဲ့ လူက အစ်ကိုအရင်း နှစ်ယောက်ရယ်၊ ၀မ်းကွဲမောင်နှစ်ယောက်ပါ။ သူတို့က အိမ်သာကျင်းထဲက gas ငွေ့တွေကြောင့် အသက်ရှူပိတ်ပြီး သေသွားတာပါ” ဟု ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟုအကုန်သိသတင်းဌာနတွင်ရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူကို ဟုမ္မလင်းပြည်သူ့ဆေးရုံကြီးသို့ ဆောင်ထားပြီး ထံမသီနယ်မြေ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၈ ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

19 Sep 2018     1,710 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS