BEC-TERO TV

ကျည်ကာအင်္ကျီစမ်းသပ်ဖို့ ကိုယ့်ကိုယ်ကိုသေနတ်နဲ့ပစ်(ရုပ်သံ)

19 Sep 2018     1,653 Views


ရုရှားနိုင်ငံက ပရော်ဖက်ရှင်နယ် ဖိုက်တာ လူငယ်တစ်ယောက်ဟာ ကျည်ကာအင်္ကျီ တစ်ထည်ကို စမ်းသပ်တဲ့အနေနဲ့ သူငယ်ချင်းများရဲ့ ရှေ့မှာပဲ သေနတ်နဲ့ ကိုယ့်ရဲ့ဗိုက်ကို ကိုယ်ပြန်ချိန်ပြီး ပစ်ပြခဲ့ပါတယ်။

ဒီအဖြစ်ပျက်ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ကျောက်မီးသွေးတွင်းတွေရှိတဲ့ဒေသ ဒွန်ဘေ့စ် မှာ ဖြစ်ပွားခဲ့တာပါ။ ရုပ်သံထဲမှာတော့ “ဒိုမိုဗွီ(Domovoi)” ဆိုတဲ့ လူငယ်က ကျည်ကာအင်္ကျီဝတ်ထားပြီး ပစ္စတိုသေနတ်ကို သူငယ်ချင်းတွေရှေ့မှာပဲ ကျည်ဖြည့်ပြီးနောက် သူ့ဗိုက်ကို သူပြန်ချိန်ကာ ပစ်ချလိုက်ပါတယ်။

ဗီဒီယိုရိုက်နေတဲ့ သူ့သူငယ်ချင်းတွေက ထိတ်လန့်တကြားနဲ့ “ဟေ့ကောင် မင်းဘယ်လိုလုပ်လိုက်တာလဲ..?” လို့ မေးပေမယ့် သူပြန်မဖြေနိုင်ပဲ သူ့ဗိုက်ကို လက်နဲ့ ဖိရင်း လဲကျသွားခဲ့ပါတယ်။

အတည်မပြုနိုင်တဲ့ အွန်လိုင်းသတင်းတွေအရ လူငယ်ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်သူ Mikhail Bratskov က ကျည်ဆံဟာ လူငယ်ရဲ့ အတွင်းပိုင်းကလီစာတွေကိုပါ ဖောက်ထွက်သွားနိုင်ကြောင်း သူ့ရဲ့အတွေ့အကြုံအရ ပြောပြခဲ့ပါတယ်။
 


19 Sep 2018     1,653 Views




RELATED

Most Popular of Special or Others

Most Popular of NEWS