ထိုင်းက Fish Spa သွားပြီးနောက် ခြေချောင်းလေးများ ဖြတ်ပစ်ခဲ့ရ
20 Sep 2018 1,599 Views

ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ Fish Spa တစ်ခုမှာ သွားရောက်အနှိပ်ခံခဲ့တဲ့ သြစတြေးလျနိုင်ငံသူ တစ်ဦးဟာ ဘက်တီးရီးယား ပိုးဝင်ခဲ့ပြီးနောက် သူမရဲ့ ညာဘက်ခြေထောက်က ခြေချောင်းလေးတွေအားလုံးကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။
Fish Spa ဆိုတာကတော့ ငါးကန်ထဲကို ခြေထောက်ချကာ ငါးလေးတွေတို့ဆိတ်တဲ့အရသာကိုခံတဲ့ လက်ရှိမှာခေတ်စားနေတဲ့ အနှိပ်နယ်ခံနည်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုနှိပ်နယ်ခံတာကြောင့် ခြေထောက်အသားအရေ စိုပြေနုညံ့လာပြီး အမဲကွက်လေးတွေကိုပါ ပျောက်စေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အသက် ၂၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသူ Victoria Curthoys ကတော့ ၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံက Fish Spa တစ်ခုမှာ အနှိပ်ခံခဲ့ပြီးနောက် သူမရဲ့ခြေထောက်တွေ ပြသနာဖြစ်လာခဲ့ပါတယ်။
၂၀၁၀ မှာ ကျန်းမာရေးချူချာပြီး မကြာခဏနေမကောင်းဖြစ်တာကြောင့် ဆရာဝန်သွားပြတဲ့အခါ သူမရဲ့ ခြေချောင်းမှာ ဘက်တီးရီးယားပိုးဝင်နေတာကို သိခဲ့ရပါတယ်။ ထိုင်နိုင်ငံမှာ Fish Spa သွားခဲ့စဉ်က ငါးကန်ဟာ သန့်တယ်လို့ သူမယူဆထားခဲ့ပေမယ့် ငါးလေးတွေကနေတစ်ဆင့် သူမရဲ့ညာဘက်ခြေထောက်မှာ ရှိတဲ့ ခွဲစိပ်ဒဏ်ရာဟောင်းကို ပိုးဝင်ခဲ့တာဖြစ်ပါတယ်။
၎ နှစ်အကြာ ၂၀၁၀ ခုနှစ်မှာ ပိုဆိုးလာခဲ့တဲ့အတွက် ဆရာဝန်တွေက သူမရဲ့ ခြေမကို ဖြတ်တောက်ပြီး ကုသပေးခဲ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ အရိုးကနေတစ်ဆင့် သူမရဲ့ နောက်ထပ် ခြေချောင်းကို ပျံ့လာတာသိရတဲ့အတွက် နောက်တစ်ချောင်း ထပ်မံဖြတ်တောက်ခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ တစ်ချောင်းပြီးတစ်ချောင်းကို ဖြတ်တောက်လာခဲ့ရာမှာ နောက်ဆုံး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ သူမရဲ့ နောက်ဆုံးခြေချောင်းကို ဖြတ်တောက်ပြီး ခြေချောင်းလေးများ တုံးတိဖြစ်ခဲ့ရပါတယ်။
Victoria ဟာ ကမ်းခြေတွေ ရေကူးကန်တွေသွားတဲ့အခါ သူမရဲ့ ခြေထောက်အတွက် သိမ်ငယ်မှုတွေ ခံစားခဲ့ရပါတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ အင်စတာဂရမ် အကောင့်ကနေပြီး သူမလိုအဖြစ်မျိုး ထပ်မဖြစ်ရအောင် သူမရဲ့ခြေထောက်ပုံကို profile ပုံတင်ပြီး မျှဝေခဲ့ပါတယ်။