BEC-TERO TV

အာဆင်နယ်အတွက်ပထမဆုံးပွဲထွက်လာမည့် လီနို နှင့် ယူရိုပါလိဒ်သတင်းတိုများ

20 Sep 2018     1,368 Views


ဂရိနိုင်ငံတွင် ယှဉ်ပြိုင်ကစားကြမည့် PAKO နှင့် ချလ်ဆီး ပွဲမတိုင်ခင် ချလ်ဆီးဖနှ်နှစ်ဦး တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ယူအီးအက်အေ က PAKO နှင့် ချလ်ဆီး ပွဲစဉ်ကို ခိုက်ရန် မဖြစ်ပွားရန် အထူအလေးထား ဆောင်ရွတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် PAKO အသင်းနှင့် ချလ်ဆီးအသင်း ပွဲစဉ်တွင် အင်္ဂလန်လက်ရွှေးစင် ကွင်းလယ်ကစားသမား လောပ်တပ်ချလ်စ် ပါဝင်လာမည်ဖြစ်ပြီး အသင်း၏အဓိက ကစားသမား အီဒင် ဟာဇတ်မပါဝင်ကြောင်းသိရသည်။

ချလ်ဆီးဟာ ဝေးလ်လက်ရွှေးစင် လူငယ်ကစားသမား အမ်ပါဒူကို ငါးနှစ်စာချုပ်နိုင်ခဲ့ပြီး နည်းပြဆာရီက “အမ်ပါဒူဟာ အသက် ၁၇နှစ်သာရှိသေးပေမဲ့ အတွေ့အကြုံ နဲ့ တွေးခ်ါမှုကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ သူဟာ ချလ်ဆီးအသင်း၏ အနာဂါတ်မှာတောက်ပ လာမဲ့ကြယ်တစ်ပွင်ပါ၊ အသင်းနဲ့လည်း စာချုပ် ချုပ်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လေဗာကူဆင်မှ ပြောင်းရွှ့ကြေးပေါင် ၂၂  တန် ဂိုးသမား လီနိကို ဗော့စ်ကလာနဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထုတ်လာမည့်ဖြစ်ပြီး ဂိုးသမာသစ်၏လက်စွမ်းကို အကဲဖြတ်နိုင်တော့မည်ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ” မနက်ဖြန်ပွဲစဉ် မှာ လီနိုပါဝင် ကစားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အသင်းရဲ့ ဂိုးနည်းပြဂျာဗီဂါစီယာ နဲ့လည်း တိုင်ပင်ပြီးသွားပါပြီ။ကျွန်တော်တို့ဟာ လီနိုကို ပွဲကစားခွင့် အခွင့် အရေးတွေပေးဖို့ လိုအပ်နေပါပြီ”လို့ပြောခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လိဒ်ပွဲစဉ်များကို ပီတာချက်စ် က ပွဲထွက်ခွင့်ရရှိနေပြီး ဖလားပွဲစဉ်တွေမှာ အော်စပီနာက ပွဲထွက်ခွင့်ရရှိနေတာပဲဖြစ်ပါတယ်။


20 Sep 2018     1,368 Views




RELATED

Most Popular of Football

Most Popular of Sport