BEC-TERO TV

ပရိသတ်တွေရဲ့ရင်ကို လွှမ်းမိုးနိုင်ခဲ့တယ့် တင်ဇာမော်ရဲ့သီချင်း MTV

21 Sep 2018     1,609 Views


အဆိုတော်တင်ဇာမော်ကတော့ သူမရဲ့ထူးခြားလှတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ရော့ခ်ဂီတသီချင်းအမျိုးအစားတွေကို ရင်ထဲစွဲငြိသွားအောင် သီဆိုနိုင်တဲ့ အဆိုပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သီချင်းတိုင်းကလဲ ပရိသတ်တွေရဲ့ရင်ကိုထိမိစေခဲ့တဲ့ သီချင်းကောင်းတွေဖြစ်ပြီး ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်ဆဲဖြစ်တဲ့ အဆိုရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

အဆိုတော်တင်ဇာမော်ကတော့ “ပုထုစဉ်” ဆိုတဲ့ သူမရဲ့သီချင်း MTV အသစ်လေးကို စက်တင်ဘာ (၁၉) ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။ တွေ့မြင်နေကျပုံစံမျိုးမဟုတ်ပဲ တစ်မူထူးခြားစွာ နာမည်ကျော်မိန်းကလေးအဆိုရှင်များစွာနဲ့ ရိုက်ကူးထားတဲ့ ထိုသီချင်းလေးဟာ ကြည့်ရှုသူပရိသတ်တွေရဲ့ ရင်ကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ထိုသီချင်းလေးကတော့ သူမရဲ့ ၇ ကြိမ်မြောက်ထွက်ရှိခဲ့တယ့် “7 Album” ခွေထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး Audio ထွက်ကတည်းက ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။  

တက်သစ်စ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးမှ အကောင်းဆုံးပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သီချင်လေးကို နားထောင်ကြည့်လိုက်ရုံနဲ့ ကြက်သီးမွေးညှင်းများတောင် ထသွားလောက်အောင် အင်မတန်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ နာမည်ကြီး မိန်းကလေးအဆိုရှင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ အဆိုတော်တင်ဇာမော်ရဲ့ "ပုထုစဉ်' သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်..

အဆိုတော်တင်ဇာမော်ဟာ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ၂ နှစ်ဆက်တိုက် အကဲဖြတ်ဒိုင် Judge တစ်ယောက်အနေနဲ့ အဆိုတော်ကောင်းတွေကို မွေးထုတ်ပေးနေသူတစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်အောက်တိုဘာ (၆) ရက်နေ့မှာတော့ “7 Concert Mandalay” ဆိုတဲ့ တစ်ကိုယ်တော်ရှိုးပွဲကြီးကို မန္တလေးမြို့မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။


21 Sep 2018     1,609 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment