ရင်သား ၃ မွှာနဲ့ မော်ဒယ်လ်များကြောင့် မီလန်ဖက်ရှင်ရှိုး ပိုမိုအသက်ဝင်ခဲ့
24 Sep 2018 2,318 Views
လတ်တလောကျင်ပပြီးစီးသွားတဲ့ မီလန်ဖက်ရှင်ဝိခ် (Milan Fashion Week) မှာ အီတလီအမှတ်တံဆိပ်ဖြစ်တဲ့ GCDS ကနေ သူ့ရဲ့ ထသွားထလာ ဝတ်စုံဒီဇိုင်းများကို ရင်းသား ၃ မွှာရှိတဲ့ မော်ဒယ်လ်တွေနဲ့ ပွဲထုတ်ခဲ့တာကြောင့် အားလုံးပဲ အံ့အားသင့်ခဲ့ရပါတယ်။
ဟုတ်ပါတယ် စာဖတ်သူ မျက်စိမမှားသလို စာလုံးပေါင်းလည်း မမှားပါဘူး။ ရင်သား ၃ မွှာ ပါတဲ့ မော်ဒယ်လ်တွေဟာ စင်မြင့်လျှောက်လမ်းပေါ်မှာ ဝတ်ဆင်ပြသခဲ့ကြတာဖြစ်ပါတယ်။
အီတလီဘရန်း အမှတ်တံဆိပ် “GCDS” က ဟောလိဝုဒ်မင်းသားကြီး အာနိုး ပါဝင်ရိုက်ကူးခဲ့တဲ့ “Total Recall” ဇာတ်ဝင်ခန်းတစ်ခုထဲက ရင်သား ၃ မွှာပါတဲ့ အမျိုးသမီးရဲ့ ပုံရိပ်ကို အတုခိုးပြီး မီလန်ဖက်ရှင်ပွဲမှာ သူတို့ရဲ့ အဝတ်အစားဒီဇိုင်းတွေကို ဝတ်ပြဖို့ မော်ဒယ်လ်တွေကို ရင်သား ၃ မွှာဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့ သိပ္ပံရုပ်ရှင်တွေထဲက အဖြစ်ပျက်တွေဟာ အမှန်တစ်ကယ်ဖြစ်လာတတ်တဲ့အတွက် “Total Recall” ဇာတ်လမ်းထဲကလို အနာဂါတ်မှာ အမျိုးသမီးတွေ ရင်သား ၃ မွှာရှိလာခဲ့ရင်တောင် စတိုင်ကျကျ ဝတ်လို့ရတယ်ဆိုတဲ့ မက်ဆေ့ကို ရစေချင်လို့ အခုလို ဖန်တီးလိုက်တယ်လို့ဆိုပါတယ်။

မော်ဒယ် နှစ်ဦးရဲ့ ရင်သားအစစ် နှစ်မွှာကြားမှာ ရင်သားအတု တစ်မွှာကို ဖန်တီးတပ်ဆင်ပေးပြီး ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ အခုလို မော်ဒယ်တွေကို ရင်သား ၃မွှာ ဖန်တီးမှုက ဒီတစ်ခါ ပထမဦးဆုံးအကြိမ်မဟုတ်ပဲ ၂၀၁၂ ခုနှစ် ကာတွန်းဇာတ်ကောင်ပြပွဲမှာလည်း မော်ဒယ်လ် Kaitly Leeb ကို “Total Recall” ထဲက အမျိုးသမီးလို ဖန်တီးပေးခဲ့တာ ရှိခဲ့ဖူးပါတယ်။

Model:Kaitly Leeb







