BEC-TERO TV

နယူးယောက်လမ်းမထက်က နန်းခေးမားနဲ့ အောန်ဆိုင်းတို့ရဲ့ ဖက်ရှင်အလန်းဇယားများ

25 Sep 2018     1,464 Views


 မော်ဒယ် နန်းခေးမား နဲ့ အောန်ဆိုင်းတို့ဟာ နယူးယောက်မြို့တွင်ကျင်းပသော New York Fashion Week ကိုတက်ရောက်ဖို့ fashion brand တစ်ခုဖြစ်တဲ့ The Avenue ကနေတစ်ဆင့် ဖိတ်ကြားခြင်းခံတဲ့အကြောင်းကို နန်းခေးမားက သြဂုတ်လ ၂၈ရက်နေ့ မှာသူမရဲ့ instagram စာမျက်နှာမှာ ပို့စ် တင်ခဲ့ပါတယ်။ သူမတို့နှစ်ယောက်ကို နာမည်ကြီး Fashion Brand များဖြစ်တဲ့ Hugo Boss နဲ့ Tadashi တို့ မှအဓိကထားပြီး ဖိတ်ကြားခဲ့ပါတယ်။

သူမတို့ နှစ်ယောက်ဟာ စက်တင်ဘာလ ၁ရက်နေ့မှာ မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ပြီး နယူးယောက်မြို့တွင်းမှာအလန်းဇယားဖက်ရှင်တွေနဲ့ လည်ပတ်ခဲ့ကြပါတယ်။

New York Fashion Week မှာလည်း ယခုလက်ရှိ ပရိတ်သတ်တွေကြား ရေပန်းစားနေတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကား ဖြစ်တဲ့ Crazy Rich Asians ထဲမှ မင်းသား Henry Golding နဲ့ တွေ့ဆုံခဲ့ပြီး selfie များတွဲရိုက်ခဲ့ကြပြီး သူတို့ ရဲ့ social media စာမျက်နှာများမှာ တင်ခဲ့ကြပါတယ်။

 

မင်းသား Henry Golding ၏ဇနီးဖြစ်သူမှာ နာမည်ကြီး Fashion Brand တစ်ခုဖြစ်တဲ့ Liv Lo ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်ပါတယ်။


25 Sep 2018     1,464 Views




RELATED

Most Popular of Special or Others

Most Popular of Life Style