BEC-TERO TV

ဆရာ တပည့် နှစ်ယောက် ပြန်တွေ့ကြမည့် ကာရာဘောင်း ဖလား တတိယအဆင့်

25 Sep 2018     1,319 Views

ကာရာဘောင် ဖလား  တတိယအဆင့်  ပွဲစဉ်အဖြစ် အိုထရက်ဖို့စ်ကွင်း မှာ မန်ချက်စတာယူနိုက်တတ်အသင်း နှင့် ဒါဘီအသင်းတို့ ယနေညမှာမြန်မာစံတော်ချိန် ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် တစ်ချိန်က ချလ်ဆီးအသင်းမှာ  နည်းပြ မော်ရင်ဟို နှင့် ချလ်ဆီး ကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်  တို့ဟာ ပရီးမီးယားလိဂ် ဖလား ၊ FA ဖလား တို့ကို အသီးသီး အောင်မြင်မှု အတူရယူခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ လမ်းပတ်ကို အသင်းသားအနေနဲ့မဟုတ်ဘဲ နည်းပြအနေဖြင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒီနေ့ည ပွဲစဉ်နှင့် ပါတ်သတ်ပြီး လမ်းပတ်က “ ကျွှန်တော် မော်ရင်ဟို ကိုလေးစားပါတယ်။ အောင်မြင်မှုတွေ အသီးသီး ယူထားနိုင်သလို့ အကောင်းဆုံးမန်နေဂျာတွေထဲ့က တစ်ယောက်ပါ ၊ အခုညမှာ အတော်ဆုံးမန်နေဂျာနဲ့ အကောင်းဆုံး ကစားသမားတွေကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်တာကြောင့် ကျွှန်တော်တို့ အတွက် စိန်ခေါ်မှု တစ်ရပ်ပါ၊ ဘယ်လို့ပဲဖြစ်နေ ဖြစ်နေ ကျွှန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

မောရင်ဟို က “ လိဂ်ဖလားပြိုင်ပွဲတွေကို သဘောကျပါတယ်၊ နိုင်ရင် နောက်တစ်ဆင့်တတ်ပြီးဆက်လက်ယှဉ်ပြိုင်သွားရမှာပြီး ရှုံးခဲ့ရင်တော့ အဲဒီနေရာကနေလည်ပြန်သွားရမှာဖြစ်ပါတယ်၊ သရေကျခဲ့လို့ အချိန်ပို မိနစ် ၃၀ ထပ်ကစားရရင်တော့ အခွင့်အရေးဟာ ၅၀% စီ ရှိပါတယ် ၊ဖိအားတွေနဲ ကစားရတာဖြစ်တာကြောင့်  ရိုးသားစွာ ဝန်ခံရရင် အဲဒီဖိအားတွေကို ကြိုက်ပါတယ်၊ ပရိတ်သတ်တွေလည်း ကြိုက်လိမ့်မယ်ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ပွဲစဉ်နှင့်ပါတ်သတ်ပြီး အချက်အလတ်များ

မန်ချက်စတာ ယူနိုက်တတ်အသင်းအတွက် ကွင်လယ်ကစားသမား မာတစ်နှင့် နောက်ခံလူ ရိုဂျို ပါဝင်လာဖို့ရှိပြီး ရှေ့တန်းကစား မားကပ် ရှပ်ဖို့စ် ပါဝင်လာဖို့ မသေချာပါဘူး။

ဒါဘီအသင်းက အသင်းခေါင်းဆောင် ကာတစ် ဒစ်ဗီးစ် ဒူးဒဏ်ရာကြောင့်ပါဝင်လားဖို့ မရှိဘဲ လူငယ် ကွင်းလယ်ကစား ဂျော့ခ်ျအီဗန် လည်း ဒဏ်ရာပြသာနာကြာင့် ပါဝင်လာဖို့မရှိပါဘူး။

ယူနိုက်တတ်အသင်း ဟာ လိဂ်ဖလားမှာ ဒါဘီအသင်းနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံထားပြီး နှစ်ကြိမ်စလုံး အနိုင်ယူထားနိုင်ခဲ့ပါတယ်။

မော်ရင်ဟို ဟာ အိမ်ကွင်းမှာ ကစားရတဲ့ လိဂ်ဖလား ပွဲစဉ်တိုင်းကို အရှုံးမရှိသေးဘဲ ၁၁ ပွဲမှာ ၉ ပွဲနိုင် ၂ ပွဲသရေ  ရအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

RELATED

Most Popular of Football

Most Popular of Sport