BEC-TERO TV

ဒုတိယအကြိမ်မြောက် ကန်- မြောက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖွယ်ရှိ

26 Sep 2018     1,306 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kin Jong Un) နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူမဟုတ်တဲ့ တစ်နေရာမှာ မကြာခင် ကျင်းပဖွယ်ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပ် (Donald Trump) က ပြောလိုက်ပါတယ်။

နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးစည်းအနေနဲ့ တနင်္လာနေ့က တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်းမှာ မစ္စတာ ထရမ့်ပ် က အဲဒီလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"သိပ်မဝေးတဲ့" အနာဂတ် အချိန်မှာ အဲဒီ ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေ ရှိကြောင်း ဒါပေမဲ့ ဇွန်လတုန်းက ပထမအကြိမ်တွေ့ဆုံခဲ့ချိန်က နေရာမှာတော့ မဟုတ်နိုင်ကြောင်း မစ္စတာ ထရမ့်ပ် က ဆိုပါတယ်။

အသေးစိတ်ကို "သိပ်မကြာခင်" ကြေညာမယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်ကို မစ္စတာမွန်း က မစ္စတာ ထရမ့်ပ် ကို ရှင်းပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက မကြာခင်မှာ မစ္စတာ ထရမ့်ပ်နဲ့ တွေ့ဖို့နဲ့ နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းစဉ် အလျင်အမြန် အဆုံးသတ်ရေး အတူတကွလုပ်ဆောင်ဖို့ သူမျှော်လင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မစ္စတာ မွန်း က ပြောပါတယ်။

Ref ; NHK News

 


26 Sep 2018     1,306 Views




RELATED

Most Popular of International News

Most Popular of NEWS