BEC-TERO TV

၂ နှစ်အတွင်း သန်းကြွယ်သူဌေးဘဝမှ ဆင်းရဲမွဲတေသွားတဲ့ လူငယ်

26 Sep 2018     1,376 Views


မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်မှ မိုဘိုင်းဖုန်း ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ လူငယ်တစ်ဦးဟာ အသက် ၁၉ နှစ်မပြည့်မီမှာပင် သန်းကြွယ်သူဌေးဖြစ်ခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် သူ့အသက် ၂၁ နှစ်မှာတော့ ပိုင်ဆိုင်သမျှ စည်းစိမ်တွေ ပြုတ်ကုန်သလို အကြွေးပတ်ချာလည်ပြီး ဆင်းရဲနုံချာတဲ့ အခြေအနေကို ၂ နှစ်အတွင်းပြန်ရောက်သွားခဲ့ပါတယ်။

အက်ဇမီယာ(Azmir) လို့သာ လူတွေသိထားတဲ့ လူငယ်ဟာ သူ့ရဲ့အွန်လိုင်း ဖုန်းရောင်းဝယ်ရေးကနေ နှစ်စဉ်ဝင်ငွေ မလေးရှားရင်းဂစ် ၅.၅ မီလီယံ ရှိနေခဲ့ပါတယ်။ ဖုန်းဝယ်ယူလိုသူတွေက သူဆီကနေတစ်ဆင့် လိုချင်တဲ့ ဖုန်းအတွက် ပိုက်ဆံကြိုတင်ပေးချေပြီး မှာယူနေကြတာဖြစ်ပါတယ်။ သူဟာ မိုဘိုင်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုရဲ့ လက်ခွဲဒိုင်အဖြစ် လုပ်ကိုင်ခဲ့ပြီး တစ်နှစ်လျှင် ဖုန်းအလုံးပေါင်း ၈၀၀ လောက် ပုံမှန်ရောင်းချပေးနိုင်တဲ့အတွက် မူရင်းကုမ္ပဏီရဲ့ ချီးမြှင့်ငွေတွေကိုလည်း ရရှိခဲ့ပြီး သန်းကြွယ် သူဌေးဖြစ်လာခဲ့သူပါ။
တစ်ဖက်မှာလည်း ဝယ်ယူမှာကြားသူတွေရဲ့ ယုံကြည်မှု အခိုင်အမာရလာခဲ့ပါတယ်။

သို့သော် လွန်ခဲ့တဲ့ လအနည်းငယ်ကစလို့ ဝယ်ယူသူတွေဆီက ဖုန်းအလုံး ၈၀၀၀ အော်ဒါလက်ခံရရှိထားကာ ကြိုငွေများ ရင်းဂစ် ၁ မီလီယံလောက်ထိ ရခဲ့ပြီး မူရင်းဒိုင်ကို ငွေများလွှဲပြောင်းပေးခဲ့ပါတယ်။
ဒါပေမယ့် မူရင်းဒိုင်က ဖုန်းတွေကို သူဆီမပို့ပေးတဲ့အပြင် လုံးဝ အစအန ပျောက်သွားတဲ့ အခါမှာတော့ ဝယ်သူတွေနဲ့ ပြဿနာတက်ခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား ၃ စီးရောင်းချခဲ့ရသလို နောင်ရေးအတွက် စုဆောင်းထားတဲ့ ရင်းဂစ် ၅ သိန်းကိုလည်း သူက စိုက်ရှင်းရတဲ့ အနေအထားဖြစ်ခဲ့တာကြောင့် ရှိသမျှစည်းစိမ် ပြုတ်တဲ့အပြင် တရားမဝင် ငွေတိုးချေးစားသူတွေဆီမှာပါ အကြွေးပတ်လည် ဝိုင်းတဲ့အခြေအနေစိုက်ရောက်ခဲ့ပါတယ်။

အက်ဇမီယာ ကတော့ သူ့ရဲ့ အဖြစ်ပျက်နဲ့ယှဉ်ပြီး အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်ကိုင်နေကြသူတွေကို သတိထားကြဖို့ ပြောကြားလိုက်ပါတယ်။

 


26 Sep 2018     1,376 Views




RELATED

Most Popular of International News

Most Popular of NEWS