BEC-TERO TV

လီဗာပူးနည်းပြ ကလော့ကို သွေးတို့စမ်းဦးမည့် ဆာရီ

26 Sep 2018     1,296 Views


ယနေ့ညမှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း ကာရာဘောင်း ဖလားပွဲစဉ်အဖြစ် တွေ့ဆုံဖို့ရှိနေပြီး နည်းပြဂျာဂျင် ကလော့၏ ဦးဆောင်မှုဖြင့် လီဗာပူးအသင်းဟာ ရာနုန်းပြည့် နိုင်ပွဲ ရရှိနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာ ပီအက်စ်ဂျီ အသင်းကို အနိုင်ရရှိမှုနဲ့ အတူ အထင်ကြီးစရာခြေစွမ်းတွေကို ပြသနေတာပါ။ နောက်တစ်ခါ ထပ် စမ်းသပ်မှာ က ဆာရီပါ ။  ဆာရီဟာလည်း ၇ ပွဲကစား ၅ ပွဲနိုင် ၁ သရေ နဲ့ ရှုံးပွဲမရှိဘဲ  ချလ်ဆီးအသင်းနှင့် အဖွင့်လှပနေပါတယ်။

လီဗာပူးအသင်း ဟာ ချလ်ဆီးအသင်း နောက်ဆုံးတွေ့ဆုံမှု ၁၄ ကြိမ်မှာ ၇ ပွဲနိုင် ၅ ရှုံး၂ ပွဲသရေကျထားပါတယ်။ နောက်အပါတ်စနေ့မှာ ဒီနှစ်သင်းတွေ့ဆုံဖို့ရှိနေပြီး ဘယ်အသင်းက အနိုင်ယူသွားမလဲ ဆိုတာတော့ စောင့်ကြည့်သွားမည်ဖြစ်ပါတယ်။

လီဗာပူးအသင်းနှင့် မတွေ့ဆုံမှီ ချလ်ဆီး လက်ထောက်နည်းပြ ဇိုလာက “ ယနေ့ည ယှဉ်ပြိုင်မဲ့ လီဗာပူး အသင်းနှင့်ပွဲစဉ် ဟာ ခက်ခဲမယ်ဆိုတာ သိပါတယ်၊ နောက်အပါတ် စနေ့ ညမှာလည်း အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားဖို့ရှိပြီး နှစ်ပွဲစလုံးကို အနိုင်ရချင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

လီဗားပုး ကန္တဝင် ကစားသမားဟောင်း ဖေးလ်ဘားနက်  တွမ်လ်ဆင် က “ဂျာဂျင်ကလော့ ဟာ လက်ရှိမှာ ရာနုန်းပြည် နိုင်ပွဲ နဲ့ ပုံစံကောင်းတွေပြသနေတာပါ၊ ကလော့အတွက် ဖလားတွေရယူဖို့ လိုအပ်နေတယ်ဆိုပေမဲ့ ကာရာဘောင်း ဖလား ဟာ အကောင်းဆုံး မဟုတ်သေးပါဘူ။ ချလ်ဆီးအသင်းကို အနိုင်ရယူဖို့ မျှော်လင့်နေပြီး ဖာဖင်ဟို ၊ ရှာကွီရီ ၊ ဒန်နီ စတားရစ်တို့ ပွဲထွက်ကစားတာမြင်ချင်တယ် “ လို့ Sky Sport အင်တာဗျူး မှာပြောကြားခဲ့ပါတယ်။

ယနေ့ညယှဉ်ပြိုင်ကစားမည့် ကာရာဘောင်း ဖလား ပွဲစဉ်များ

ဝက်စ်ဟမ်း      vs  မက်စ်ကလပ်ဖီး   (1:15) AM

လီဗာပူး          vs   ချလ်ဆီး             (1:15) AM

နော်တင်ဟမ်   vs   စတုတ် စီးတီး     (1:15) AM

အဲဗာတန်        vs   ဆောက်သမ်တန်    (1:15) AM

အာဆင်နယ်    vs   ဘရန်းဖို့စ်         (1:15) AM

တော့တင်ဟမ်  vs  ဝက်ဖိုစ့်          (1:30) AM

 

 

 


26 Sep 2018     1,296 Views




RELATED

Most Popular of Football

Most Popular of Sport