BEC-TERO TV

အမိုက်စားဒီဇိုင်းကာလာအနေအထားနဲ့ ရူးခါသွားအောင်ဖမ်းစားလိုက်တဲ့ ဧငြိမ်းဖြူ

26 Sep 2018     1,817 Views


သရုပ်ဆောင် ဧငြိမ်းဖြူကတော့ ဖြူဖွေးနုဖတ်လွန်းတဲ့အသားရည်လေးနဲ့  နိုင်ငံခြားဆန်တဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး အပြစ်ဆိုစရာမရှိအောင်လှပလွန်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ အကကိုသဘောကျနှစ်ခြိုက်တဲ့ ၀ါသနာပါသူလေးပီပီ အမိုက်စားကပြထားတဲ့ Dance Cover တွေနဲ့လဲ ပရိသတ်တွေရဲ့အချစ်တွေအားလုံးကို သိမ်းပိုက်ထားသူလေးဆိုရင်လဲမမှားပါဘူးနော်။ ဖက်ရှင်ပိုင်းမှာလည်း အမြဲစတိုင်မိမိနဲ့လှလှပပ၀တ်စားလေ့ရှိတဲ့ ဧငြိမ်းဖြူတစ်ယောက်ကတော့ ပရိသတ်တွေကို အရူးအမူးဖြစ်ပြီး မကြွေ ကြွေအောင်ကို ဖမ်းစားလိုက်ပြန်ပါပြီ။ အမိုက်စားဒီဇိုင်းကာလာအနေအထားနဲ့ သူမရဲ့စတိုင်တွေကတော့ ကြည့်မိသူတိုင်းကို ရူးခါသွားစေနိုင်လောက်အောင် ထိမိလို့နေပါတယ်။ တစ်ချက်အကြည့်မှာတင် ကြွေဆင်းသွားမယ့် ဧငြိမ်းဖြူရဲ့ပုံရိပ်လေးတွေကို ကြည့်လိုက်ကြပါဦးနော်....

 


26 Sep 2018     1,817 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment