BEC-TERO TV

ရုပ်ပြကာတွန်းများကိုပြန်လည်ရိုက်ကူးထားသော နာမည်ကြီးကိုးရီးယားဇာတ်လမ်းတွဲများ

26 Sep 2018     2,170 Views


မြန်မာ ပရိတ်သတ်များကြားထဲမှာရေပန်းစား ခဲ့တဲ့ ကိုးရီးယား ဇာတ်လမ်းတွဲတော်တော်များများ ဟာတကယ်တော့ ရုပ်ပြကာတွန်းတွေကနေ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရုပ်ပြကာတွန်းကနေ ဖြစ်ပေါ်လာတဲ့ ပေါ်ပြူလာဖြစ်တဲ့ ဇာတ်လမ်းတွဲများကို popolay မှပရိတ်သတ်များအတွက် ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်နော်။

၁။ ဟန်ဆောင်အနမ်း (Playful Kiss)

ဟန်ဆောင်အနမ်းဇာတ်လမ်းဟာဆိုရင် ဂျပန် ရုပ်ပြကာတွန်းဇာတ်လမ်းတွဲဖြစ်တဲ့ “Itzura na Kiss” ကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ပြကာတွန်းရဲ့ စာရေးဆရာကတော့ Kaoru Tada ဖြစ်ပါတယ်။

၂။ပန်းပွင့်ထက်က ကိုလူချောလေးများ(F4)

F4 ဇာတ်လမ်းတွဲကို တော့မြန်မာပရိတ်သတ်ကြီးကောင်းကောင်းသိလိမ့်မယ် ထင်ပါတယ်။ F4 ရဲ့ ဇာတ်လမ်းကလည်း အပေါ်က ဟန်ဆောင်အနမ်းနဲ့အလားတူစွာ ဂျပန်ရုပ်ပြကာတွန်းမှဆင်းသက်လာတာဖြစ်ပါတယ်။ ရုပ်ပြကာတွန်းနာမည်ကတော့ “Hana Yori Dango” ဖြစ်ပြီး ရုပ်ပြကာတွန်းဆရာ ကတော့ “Yoko Kamio” ဖြစ်ပါတယ်။

၃။ချစ်စံအိမ် (Full House)

ချစ်စံအိမ် ဇာတ်ကားလေးကတော့ အက်မင်တို့ ငယ်ငယ်တုန်းကရူးခဲ့ရတဲ့ ဇာတ်ကားလေးပါပဲ။ အူတက်အောင်လဲ ရယ်ရပြီး မင်းသားနဲ့မင်းသမီးကလဲ အရမ်းလိုက်ဖက်လွန်းလို့ သူတို့နှစ်ယောက်ကို တကယ်အတွဲဖြစ်စေချင်ခဲ့တဲ့အထိပါပဲ။ ဒီဇာတ်လမ်းလေးကတော့ Full House ဆိုတဲ့ကိုးရီးယားရုပ်ပြကာတွန်းကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာတွန်းဆရာမ နာမည်ကတော့ Won Soo Yeon ပဲဖြစ်ပါတယ်။


၎။ပန်းချယ်ရီကလဲ့စား (Illjimae)

ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာ K လို့နာမည်ကြီးတဲ့ မင်းသားလီဂျွန်ကီရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲဆိုလဲ မမှားပါဘူး။ ဒီဇာတ်လမ်းတွဲရဲ့ ရုပ်ပြကာတွန်းနာမည်ကလဲ ‘Illjimae’ ပဲဖြစ်ပြီး စာရေးဆရာနာမည်ကတော့ Ko Woo Young ပဲဖြစ်ပါတယ်။

 

၅။ ခေတ်သစ်ဒေါက်တာ (Time Slip Doctor Jin)

ခေတ်သစ်ဒေါက်တာ ဇာတ်လမ်းတွဲဟာဆိုရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံးရောက်ရှိလာတဲ့ ကိုးရီးယားဇာတ်လမ်းတစ်ခုဖြစ်တဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ (အွန်စော၊ဂျွန်စော) ဇာတ်လမ်းတွဲမှ မင်းသား ဂျွန်စောရဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ခေတ်သစ်ဒေါက်တာ ဇာတ်ကားရဲ့ ရုပ်ပြကာတွန်း နာမည်ကတော့ JIN ဖြစ်ပြီး စာရေးဆရာနာမည်ကတော့ Motoka Murakami ဖြစ်ပါတယ်။

၆။အချစ်ထောင်ချောက်(Cheese in the trap)

အချစ်ထောက်ချောက်ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ရုပ်ပြကာတွန်းဟာ ကိုးရီးယားလူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားတဲ့အတွက် ဇာတ်ကားပြန်ရိုက်ခဲ့တာဖြစ်ပါတယ်။ ကာတွန်း နာမည်ကလဲ Cheese in the trap ဖြစ်ပြီး စာရေးဆရာမနာမည်ကတော့ soonki ဖြစ်ပါတယ်။

၇။ ရေနတ်သားရဲ့ သတို့သမီး (Bride of the water god)

ဒီဇာတ်လမ်းတွဲလေးဟာလဲ နာမည်ကြီးပြီးသား ရုပ်ပြကာတွန်းစာအုပ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ပြကာတွန်းကိုရေးဆွဲတဲ့ စာရေးဆရာမ နာမည်ကတော့ Yoon Mi Kyung ပဲဖြစ်ပါတယ်။

၈။အတွင်းရေးမှူးကင် (What’s wrong with secretary Kim)

လက်တလောနာမည်ကြီးသွားတဲ့ စိတ်ကြီးဝင်နေတဲ့ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးကင် ဇာတ်လမ်းတွဲကလဲ ရုပ်ပြကာတွန်းကိုပြန်ရိုက်ထားတာပါ။စာရေးဆရာများကတော့ Jeong gyeong yun နဲ့ Kim myeongmi တို့ပဲဖြစ်ပါတယ်။

၉။ My ID is Gangnam Beauty

ခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ My ID is Gangnam Beauty ဇာတ်လမ်းတွဲဟာလဲ နာမည်ကြီး ရုပ်ပြကာတွန်းပဲဖြစ်ပါတယ်။ ဒီရုပ်ပြကာတွန်းကိုရေးဆွဲတဲ့ စာရေးဆရာမနာမည်ကတော့ Maeng-gi ပဲဖြစ်ပါတယ်။

 


26 Sep 2018     2,170 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment