တက္ကစီသမားအား ဓားဖြင့်ခြိမ်းခြောက်လုယက်မှု ရုပ်သံ
27 Sep 2018 1,768 Views

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ဝေလီဝေလင်း ၂ နာရီခွဲအချိန်ခန့်တွင် တက္ကစီမောင်းသူအား ငှားစီးလာသော လူငယ်နှစ်ဦးမှ ဓားဖြင့်ခြိမ်းခြောက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကားပေါ်တွင် တပ်ဆင်ထားသော ဘလက်ခ်ဘောက်စ် ကင်မရာမှ တွေ့မြင်ခဲ့ရသည်။
ဖြစ်စဉ်မှာ လူငယ်နှစ်ဦးက မြကျွန်းသာ(ကန်ဘောင်) ကမ္ဘာအေးဘုရားလမ်းမပေါ်မှ ပုစွန်တောင်ဈေးအနီးသို့ ကျပ် ၂၅၀၀ ဖြင့် တက္ကစီငှားစီးခဲ့ပြီးနောက် လမ်းတွင် ပုစွန်တောင် မဟုတ်တော့ပဲ မင်္ဂလာတောင်ညွန့်သို့ ပို့ပေးရန် ပြောခဲ့ပြီးနောက် ၁၃၃ လမ်းအရောက်တွင် ကားခမပေးပဲ ဓားထုတ်ပြီး တက္ကစီမောင်းသူအား ခြိမ်းခြောက်ကာ ပိုက်ဆံနှင့် ဖုန်းတို့ကို လုယူခဲ့ကြောင်း ရုပ်သံဖိုင်တွင် တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်၏ နောက်ဆက်တွဲသတင်းကို မသိရှိရသေးပါ။
သတင်းနှင့်ရုပ်သံ - MicleCore







