BEC-TERO TV

ရေဘေးသင့်ပြည်သူတွေအတွက် ပြဇာတ်ကမယ့် ခင်လှိုင်

01 Aug 2015     1,636 Views


ရေဘေးသင့်ပြည်သူတွေအတွက် ပြဇာတ်ကမယ့်

          ခင်လှိုင် ရေဘေးသင့်ပြည်သူ များအား လှူဒါန်းရန် အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ရန်ပုံငွေဖျော်ဖြေပွဲတွင် ‘ချစ်သော တနင်္ဂနွေ’ဟုအမည်ပေးထား သည့် ဟာသပြဇာတ်ဖြင့် တင် ဆက်ပေးမည်ဟု ခင်လှိုင်ကပြောသည်။ယင်းပြဇာတ်တွင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင် သင်းကြည်၊ ဝတ်မှုံရွှေရည်၊ အိ ချောပိုတို့ အပါအဝင် ဟာသ လူရွှင်တော်များပါဝင်မည်ဖြစ်ပြီး ခင်လှိုင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ ‘‘ဒီပြဇာတ်က လူရွှင်တော် စိစိရေးထားတဲ့ပြဇာတ်လေး။ ဒါပေမဲ့ မူလကတော့ အဲဒီလို မဟုတ်ဘူး။ အစ်ကိုပြန်ပြင်ထား တာ။ ရက်ကလည်းအရမ်းကပ် တယ်။ ပြဇာတ်တိုက်ချိန်လည်း သိပ်မရှိတော့ ဒိုင်ယာလော့ခ်နည်း ပြီး ရယ်စရာများများနဲ့ စကားတွေ Detail (အသေးစိတ်)မပြောရတဲ့ ပြဇာတ်မျိုးကိုရွေးထားတယ်’’ဟု ခင်လှိုင်ကပြောသည်။

         ရုပ်ရှင်ဂီတသဘင်အနု ပညာရှင်များ ပူးပေါင်းဖျော်ဖြေ မည့် ရန်ပုံငွေဖျော်ဖြေပွဲကို ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park တွင်ပြုလုပ်ခဲ့ပြီး ၊ သြဂုတ်၂ ရက်တွင် မန္တလေးမြို့ Diamond Plaza တို့၌ ကပြဖျော်ဖြေမည်ဖြစ်သည်။ ‘‘ဒီပွဲတွေကရတဲ့အလှူငွေ တွေကို ဘယ်မြို့၊ ဘယ်နယ်လို့ တော့ ခွဲခြားမထားဘူး။ ရေဘေး ကလည်း တစ်ပြည်လုံးနီးပါးဖြစ် နေတာဆိုတော့ ရေဘေးသင့် ပြည်သူတွေဆီ ရောက်အောင် ကိုယ်တိုင်လည်းသွားလှူဖို့အစီ အစဉ်တွေရှိပါတယ်။ အနုပညာ သမားဆိုတာ ပြည်သူတွေကျွေး တဲ့ထမင်းကိုစားပြီး သူတို့တွေလို အပ်တဲ့အချိန်မှာ ကူညီတယ်ဆို တာကိုလည်း သိစေချင်တယ်။ ကိုယ်တွေသွားလိုက်တဲ့အချိန်မှာ သူတို့ရဲ့သောကတွေ ခဏ ပျောက်သွားတယ်ဆိုရင်ပဲ ငွေ တွေအများကြီး ပေးတာထက် တန်ဖိုးရှိမယ်လို့ မျှော်လင့်တယ်’’ ဟု ၎င်းကပြောသည်။


01 Aug 2015     1,636 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment