BEC-TERO TV

လီဗာပူးကို အနိုင်ယူပြီး ကာရာဘောင်း ဖလား နောက်တစ်ဆင့်တတ်သွားတဲ့ ချလ်ဆီး

27 Sep 2018     1,459 Views


မနေ့ညက  ကာရာဘောင်း ဖလားတတိယအဆင့် ပွဲစဉ်အဖြစ်  ပရီးမီးယားလိဂ် ထိပ်သီး အသင်း လီဗာပူး အသင်းနှင့် ချလ်ဆီး အသင်း တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အခြားသော အာဆင်နယ် နှင့်  ဘရန်းဖို့စ် ၊ တော်တင်ဟမ်သင်းနှင် ဝက်ဖို့စ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

လူအများစိတ်ဝင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်း အိမ်ကွင်းမှာ ချလ်ဆီးအသင်းကို က ၁ -၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချလ်ဆီး အသင်းက လူစားဝင်းကစားသမား အီဒင် ဟာဇတ် ၏ အလန်းစားသွင်းဂိုးနှင့် အတူ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပြီဖ်ြပါတယ်။

လီဗာပူးအသင်း က ရှာကွီရီ ၊ မာနေး ၊ စတားရစ် ကွင်းလယ်က ကီတာ ၊အသင်းခေါင်းဆာင် မီနာ ၊ ဖာဖင်ဟို နှင့်နောက်တန်းမှာ မိုရီနို ၊ ကလိုင်း ၊ မာတစ် ၊ လိုဗလန် နှင့် ဂိုးသမား မင်ဂိုလတ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ချလ်ဆီးအသင်းက မိုရာတာ ၊ ဝီလျံ ၊ မော့စ်ဆက် တို့ ပွဲထွက်လာပြီး ကွင်းလယ်မှာ ကိုဗာဆစ် နှင့် ဘာကလေ တို့ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ အက်ပလီကျူတာ၊ ခရစ်တန်ဆန် ၊ ကာဟေးလ် ၊ အီမာဆင့် နှင့် အရံ ဂိုးသမား ကာဘယ်ရို တို့ပွဲထွက်လာခဲ့ပါတယ်။

ပွဲအစ မိနစ်တွေ ချလ်ဆီးအသင်းက ဘောလုံးအသာစီးနှင့် တိုက်စစ်ဆင်ခဲ့ပြီး လီဗာပူးအသင်းက တန်ပြန်တိုက်စစ်နှင့် အပြန်အလှန် တိုက်စစ်ဆင်မှုတွေရှိခဲ့ပြီး နှစ်ဖက်လုံး အဆုံးသတ် အားနည်းချက်တွေကြောင့်သာ ပထမပိုင်း ၄၅ မိနစ် နှစ်ဖက်စလုံး မှာဂိုးရရှိခဲ့ခြင်းမရှိဘဲ ၀ - ၀ နဲပြီးဆုံးခဲ့ပါတယ်။

 ဒုတိယ မိနစ်တွေမှာ လီဗာပူးအသင်းက ဘောအသာစီးနှင့် တိုက်စစ်ဆင်လာပြီး ပွဲချိန်ရဲ့ ၅၈ မိနစ်မှာ ဒန်နီရယ် စတားရစ် ရဲ့ Bicycle ကစ်နှင့် ဦးဆာင်ဂိုး ရရှိခဲ့ပါတယ်။ ချလ်ဆီး အသင်းအတွက် ချေပဂိုး ကို နောက်ခံကစားသမား အီမာဆင် က ၇၉ မိနစ်မှာ သွင်းယူခဲ့ပြီး ပွဲချိန်ရဲ့ ၈၅ မိနစ်အရောက်မှာ ချလ်ဆီး အသင်းအတွက်အနိုင်ဂိုးကို အီဒင် ဟာဇတ်က တစ်ကိုယ်တော် အစွမ်းဖြင့် လှလှပပ သွင်းယူ ခဲ့ပါပြီး ပွဲစဉ်ရဲ့အကောင်းဆုံး သမားဆုကိုရရှခဲ့ပါတယ်။

အီဒင် ဟာဇတ်ဟာ ဒီရာသီ သွင်းဂိုး ၆ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ် Golde Boot ရရှိရန် ရေပန်းစားနေတဲ ကစားနေတဲ့ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။

နောက်အပါတ် စနေ့နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၇) ချလ်ဆီး အသင်းကအိမ်ကွင်းမှာ လီဗာပူး အသင်းကိုယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပါတယ်။

ယနေ့ညယှဉ်ပြိုင်ကစားခဲ့ကြသည့် ကာရာဘောင်း ဖလား ပွဲစဉ်ရလဒ်များ

ဝက်စ်ဟမ်း      ၈ - ၀   မက်စ်ကလပ်ဖီး   

လီဗာပူး          ၁  – ၂   ချလ်ဆီး             

နော်တင်ဟမ်   ၃ - ၂    စတုတ်စီးတီး     

အာဆင်နယ်    ၃  - ၁  ဘရန်းဖို့စ်        

တော့တင်ဟမ်  ၂ - ၂  ဝက်ဖိုစ့်      အချိန်ပို (၄ -၂)  

 

 

 

 

 

 

 

 

 


27 Sep 2018     1,459 Views




RELATED

Most Popular of Football

Most Popular of Sport