BEC-TERO TV

ရီးရဲမက်ထရစ် အသင်း ဆီဗီလာ အသင်းကို ဂိုးပြတ်ရှုံးနိမ့်

27 Sep 2018     1,390 Views


ဆီဗီလာ ၃ - ၀ ရီးရဲမက်ထရစ် (FT)

မနေ့က စပိန်လာလီဂါ ပွဲစဉ် (၆) အဖြစ် ဆီဗီလာ အသင်း က အိမ်ကွင်းမှာ ရီးရဲမက်ထရစ် အသင်းကို ၃-၀ ဖြင့် ရဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဆီဗီလာ အသင်းအတွက် ဂိုးတွေကို  ၁၇ မိနစ်နဲ့ ၂၁ မိနစ် အန်ထရီ ဆေးဗားလ်  ၊  ၃၉ မိနစ်မှာ ဘန်ရက်ဒါ တို့က ပထမပိုင်းမှာ သွင်းယူပေးထားခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ  လူကာမိုဒရစ်ကဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR ဖြင့်ကြည်ရှူခဲ့ပြီး ကွင်းလယ်ဒိုင်က လူကျွံဘောလို့သတ်မှတ်ခဲ့တာကြောင့်  ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်းမှာ မာရီနို ၊ အဆန်စီရို နှင့် ဒန်နီ  ဆီဘယ်လို့စ် တို့ကိုထည့်သွင်းခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ၃-၀ ဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ပြီး မက်ထရစ်အသင်းဟာ ၆ ပွဲ ကစား ၄ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ရမှတ် ၁၃မှတ် ဖြင့် အမှတ်ပေးဇယား၏ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဆီဗီလာ အသင်းက ၆ ပွဲ ကစား ၃ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံး ရမှတ် ၁၀မှတ် ဖြင့် ဘာစီလို့နာ ၊ ရီးရဲမက်ထရစ် တို့၏အောင် ၃ မှတ်အကွာ အဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။ ရီးရဲမက်ထရစ်နဲ့ ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်ထရီ ဆေးဗားလ်  ဟာ ဒီရာသီမှာ ဆီဗီလာ အသင်းအတွက် ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

စပိန်လာလီဂါ ပွဲစဉ် (၇) မှာ ဆီဗီလာ အသင်းက အီဘာအသင်းကို အဝေးကွင်းတွင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး မက်ထရစ် အသင်းကတော့ မက်ထရစ်ဒါဘီ အက်သလတ်တီကို အသင်းကို အိမ်ကွင်းမှာယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ရီးရဲမက်ထရစ် ကစားသမား အစ္စကိုတော့ အင်္ဂါနေ့မှာ အူအတတ်ရောဂါ ခွဲစိတ်ဖို့အတွက် မက်ထရစ် ဒါဘီပွဲစဉ်ကို လွှဲချော်ဖွယ်ရှိနေပါတယ်။

 


27 Sep 2018     1,390 Views




RELATED

Most Popular of Football

Most Popular of Sport