ပဲရစ်မြို့လေဆိပ်တွင် ဆွဲလားရမ်းလား လုပ်ခံခဲ့ရသော Exo Kai
27 Sep 2018 2,153 Views
တောင်ကိုးရီးယားနိုင်ငံ တွင်ရေပန်းအစားဆုံး အဆိုတော်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Exo အဖွဲ့မှ Kai သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ကျင်းပသော Gucci မှပြုလုပ်သည့် Fashion Show ပွဲကို တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၃ ရက်တွင် ဆိုးလ် မှပြင်သစ်သို့ ထွက်ခွာခဲ့သည်။
ပြင်သစ်လေဆိပ်သို့ ဆိုက်ရောက်သောအခါ Kai ၏ပရိတ်သတ်များက လေဆိပ်ရဲ့ နေရာအနှံ့ အပြားမှာစောင့်နေခဲ့ကြပါတယ်။ Kai တစ်ယောက် လေဆိပ်ထဲကို ခြေချလိုက်တာနဲ့ ပရိတ်သတ်များက ဝိုင်းအုံလာပြီး လေဆိပ် ဝန်ထမ်းများရော Bodyguard များပါထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ပါတယ်။ Kai ရဲ့ ဒူးခေါင်းနဲ့ ခြေထောက်ကိုလဲ အနည်းငယ်ထိခိုက်မိသွားခဲ့ပါတယ်။
သို့ပေမဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်တဲ့ Gucci ရဲ့ Fashion Show ပွဲကိုတော့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်။








