BEC-TERO TV

လာမယ့်နွေရာသီမှာ ဟာဇက်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်း ပြဿနာတက်လိမ့်မယ်လို့ဆိုလိုက်တဲ့ ကာရေဂါ

27 Sep 2018     1,303 Views


လီဗာပူးအသင်းရဲ့ ဂန္တဝင်နောက်ခံကစားသမား ကာရေဂါက ချဲလ်ဆီးအသင်း တောင်ပံကစားသမား ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်လိုအသင်းမျိုးမှာ သွားကစားနိုင်တယ်လို့ဆိုခဲ့တဲ့အပြင် ဟာဇက်ရဲ့ ခြေစွမ်းကို ဂန္တဝင်ကစားသမားတွေရဲ့ ခြေစွမ်းတွေနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ မနေ့က ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာ ဟာဇက်ကအရံခုံမှာပဲ ရှိနေခဲ့ပေမဲ့ လူစားဝင်လာခဲ့ပြီးတဲ့နောက်မှာတော့ အသင်းအတွက် နောက်ကျအနိုင်ဂိုးသွင်းယူပြီး နောက်တစ်ဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ကာရေဂါက “ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေဆီမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေရှိပါတယ်။ ဟင်နရီ ဘားကမ့် ဇိုလာတို့ကနေ မာရာဒိုနာနဲ့ ပီလီတို့ကို ကြည့်ရင် သိနိုင်ပါတယ်။ ဘောလုံးလောကမှာ သူတို့ကို ဘယ်လိုမှ အပြစ်တင်လို့ မရ လှောင်ပြောင်လို့မရပါဘူး။ ခင်ဗျားသူတို့ကို ဘယ်လိုလုပ်ရင် ရပ်တန့်နိုင်မလဲလို့ စဉ်းစားကြည့်ဖူးလား။ No ပါ။ ဘောလုံးမရှိတဲ့ အခြေအနေမှာတောင် ခင်ဗျားဆီမှာ သူတို့ကို ရပ်တန့်နိုင်မယ့် နည်းလမ်းမရှိပါဘူး။ သူတို့ရဲ့ ခြေထောက်တွေမှာ ထူးခြားတဲ့စွမ်းအားတွေရှိနေတဲ့အပြင်ကို သူတို့နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာပါ သိနိုင်စွမ်းရှိတဲ့သူတွေပါ။

ဒီပွဲမှာ ဟာဇက်က ဘောလုံးကို လက်ခံဖို့အတွက် အကောင်းဆုံးနေရာမှာမရှိပါဘူး။ ဒါပေမဲ့ သူဂိုးပါသွင်းသွားတယ်ဗျာ။ ကျွန်တော်ပွဲကို တင်ဆက်နေတဲ့ အချိန်တည်းက သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလို့ ပြောခဲ့ပါတယ်။ သူဂိုးသွင်းလို့ အဲ့လိုပြောတာမဟုတ်ပါဘူး။ သူက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတောင် အကောင်းဆုံးကစားသမားဆုကို ရယူခဲ့သင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

“ကျွန်တော်ဟာဇက်ကို ချဲလ်ဆီးက ထွက်သွားအောင် လုပ်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာလိုအသင်းမျိုးတွေက ခင်ဗျားအသင်းက ကစားသမားတစ်ယောက်ကို စိတ်ဝင်စားလာပြီဆိုရင် ခင်ဗျားအတွက် ထိန်းသိမ်းရခက်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းရဲ့ အိမ်မက် အထူးသဖြင့် နိုင်ငံခြားသားကစားသမားတွေရဲ့ အိမ်မက်က ရီးရဲယ်မက်ဒရစ်နဲ့ဘာစီလိုနာအသင်းမှာ ကစားဖို့ပါ။

လီဗာပူးအသင်းက အလွန်ဆို ဆွာရက်ဇ် ယူနိုက်တက်က စီရော်နယ်ဒိုတို့ရဲ့ ဖြစ်ရပ်ကိုပဲ ကြည့်လေ။ ချဲလ်ဆီးအသင်းလည်း လာမယ့်နွေရာသီမှာ ဟာဇက်ကို ထိန်းသိမ်းဖို့ တော်တော်ကြိုးစားရမှာပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

 ဟာဇက်ဟာ ချဲလ်ဆီးအသင်းအတွက် ဒီရာသီပြိုင်ပွဲစုံမှာ (၆) ဂိုးသွင်းယူပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် အထူးခြေစွမ်းပြကစားနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ယခုဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အပြင် လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေဆဲလည်း ဖြစ်ပါတယ်။

 

 


27 Sep 2018     1,303 Views




RELATED

Most Popular of Football

Most Popular of Sport