Tesla လျှပ်စစ်မော်တော်ကားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချူပ် ရာထူးမှနှတ်ထွက်
01 Oct 2018 1,637 Views

အမေရိကန်တယ်စလာ (Tesla) လျှပ်စစ်မော်တော်ကားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချူပ် (CEO) ဖြစ်တဲ့ အီလွန်မတ်စ်က် (Elon Musk) ဟာ အမေရိကန် စတော့ရှယ်ယာရောင်းဝယ်မှု ကြီးကြပ်စောင့်ကြည့်ရေးကော်မရှင်ရဲ့ တရားစွဲဆိုမှုကိုခံခဲ့ရပြီးနောက် ကုမ္ပဏီအကြီးအကဲရာထူးကနေ နုတ်ထွက်မယ်လို့သိရပါတယ်။
မစ္စတာမတ်စ်က်ဟာ ပြီးခဲ့တဲ့လက သူ့ရဲ့တွစ်တာ လူမှုကွန်ယက်ပေါ် က ရေးသားချက်မှာ ကုမ္ပဏီကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ စီစဉ်နေ ကြောင်းနဲ့ အဲဒီအတွက်ငွေကြေးအလုံအလောက် ရရှိထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာအဲဒီအစီအစဉ်ကိုရုပ်သိမ်းခဲ့ပါတယ်။
.jpg)
စတော့ရှယ်ယာရောင်းဝယ်မှုကော်မရှင်က မစ္စတာမတ်စ်က် ဟာ ရင်းနှီးမြုပ်နှံသူတွေကို အထင်အမြင်လွဲမှားအောင်လုပ်ခဲ့ပြီး ဈေးကွက် ကမောက်ကမဖြစ်စေခဲ့တယ်လို့ပြောကြားပြီး မန်ဟတ်တန် (Manhattan)က ပြည်ထောင်စုတရားရုံးမှာ ကြာသပတေးနေ့က တရားစွဲလိုက်ပါတယ်။
တယ်စလာကုမ္ပဏီနဲ့ မစ္စတာမတ်စ်က်တို့ဟာ ဒဏ်ငွေ အမေရိကန် ဒေါ်လာ သန်း၂၀ အသီးသီးပေးဆောင်ဖို့ သဘောတူထားပြီးကြောင်း စတော့ရှယ်ယာရောင်းဝယ်မှုကော်မရှင်က စနေနေ့မှာပြောကြား လိုက်ပါတယ်။ အဲဒီသဘောတူညီချက်အရ မစ္စတာမတ်စ်က် ဟာ ကုမ္ပဏီအကြီးအကဲရာထူးကနေလည်းဆင်းပေးရမှာဖြစ်ပြီး သီးခြား လွတ်လပ်တဲ့ ပြင်ပပုဂ္ဂိုလ်တစ်ဦးက အဲဒီရာထူးနေရာကို ရယူမှာ ဖြစ်ပါတယ်။
တယ်စလာကုမ္ပဏီနဲ့ မစ္စတာမတ်စ်က်တို့ကပေးဆောင်တဲ့ ဒဏ်ကြေး ငွေတွေကိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာခဲ့ရတဲ့ ရင်းနှီးမြုပ်နှံသူတွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။
Ref ; NHK






