BEC-TERO TV

အောင်သူ အငှားသွားရောက်ကစားနေသည့် Police Tero အသင်းတန်းဆင်းနိုင်ခြေများ

01 Oct 2018     1,371 Views


ထိုင်းပရီးမီးယားလိဂ်ကလပ် Police  Tero အသင်းသည် တန်းဆင်းဖို့အတွက် ရာခိုင်နှုန်းများနေပါတယ်။အသင်းက လက်ရှိမှာ ရမှတ် ၃၃ မှတ် နဲ့အဆင့် ၁၅ နေရာမှာရပ်တည်နေပြီး  လက်ကျန် ၂ ပွဲ ကို အနိုင်ကန်ခဲ့ရင်တောင်မှ Chainat အသင်းနှင့် Sukhothai  အသင်းတို့၏ အခြေအနေကိုစောင့်ကြည့်သွားရဦးမယ်ဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဂ် စဉ်မျဉ်းက ချန်ပီယံအသင်းနှင့် .ဒုတိယနေရာက အသင်းက AFC  ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး ဇယားအောက်ဆုံး အသင်း  ၅ သင်းက တန်းဆင်းအသင်းအဖြစ်သတ်မှတ်တာဖြစ်ပါတယ် ။

အောင်သူဟာ အသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေတာဖြစ်ပြီး ပတ္တရားအသင်း နှင့် ပွဲစဉ်ပြီးနောက်ပိုင်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ လူးစားဝင်ကစားသမားအဖြစ်သာ ကစားနေရတာလည်းဖြစ်ပါတယ်။အောင်သူက Police  Tero FC နှင့် အငှားစာချုပ် ၁ နှစ် သက်တမ်းတိုးခဲ့တာကြောင့် ၂၀၁၉ အထိကစားပေးဖို့ကျန်ရှိနေပါတယ်။ လိဂ်ပြီးဆုံးဖို့ ၂ ပွဲသာလို့တော့ဖြစ်တာကြောင့် ပြိုင်ပွဲပြီးဆုံးပါက ဆူဇီးကီး ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ဖို့အတွက် မြန်မာလက်ရွှေးစင် အသင်းနှင့်ပူးပေါင်းမှာ ဖြစ်ပါတယ်။

 


01 Oct 2018     1,371 Views




RELATED

Most Popular of Football

Most Popular of Sport