BEC-TERO TV

ဆာနေးကို သတိပေးလိုက်တဲ့ မန်စီးတီး နည်းပြ ဂွာဒီရိုလာ

01 Oct 2018     1,361 Views


မန်စီးတီးနည်ပြ ဂွာဒီရိုလာ က အသင်းတောင်ပံ လူငယ်ကစားသမား ဆာနေးကို အသင်းအပေါ်ကို အာရုံစိုက်ကစားဖို့ လိုအပ်တယ် လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဆာနေး ရာသီအစ ပွဲစဉ်တွေမှာ အသင်းအတွက် ကစားခွင့်မရရှိခဲ့ပေမဲ့ နိုင်ငံအသင်းမှ ပြန်လာပြီးနောက်ပိုင်း နောက်ဆုံး ၃ ပွဲမှာ ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းကို နိုင်တဲ့ပွဲစဉ်မှာ  ပွဲအစ ၂ မိနစ်မှာ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဂွာဒီရိုလာ “သူကအသက်လည်းငယ်ပြီးတစ်ကယ်တော့တဲ့ ကစားသမားပါ ၊နောက်ဆုံး နှစ်ပွဲမှာ ကစားသွားတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါမဲ့ သူကို ဒီထက်ပိုပြီးတော့ အာရုံစိုက် ကစားစေချင်ပါတယ်။ ” လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီး အသင်းက ပြီးခဲ့တဲ့အပါတ်က ဘရိုက်တန် အသင်းကို ၂ - ၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ မနက်ဖြန်ည မှာတော့ အဝေးကွင်းမှာ ဟောဖန့်ဟိန်း အသင်းကိုသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဟောဖန့်ဟိန်း အသင်းနှင့်ကစားမဲ့ ပွဲစဉ်မှာ တောင်ပံကစား ဆာနေး ပါဝင်လာဖို့ရှိပြီး အသင်းအတွက် ၁၄ ဂိုးသွင်းယူထားပြီး ၁၉ ဂိုးအထိဖန်တီးပေးထားနိုင်ခဲ့ပါတယ်။


01 Oct 2018     1,361 Views




RELATED

Most Popular of Football

Most Popular of Sport