BEC-TERO TV

ကားကိုနောက်ဝင်တိုက်ပြီး ဆင်းလာသောပိုင်ရှင်ကိုပါ ဒေါသဖြင့်ဝင်တိုက် (ရုပ်သံ)

01 Oct 2018     1,715 Views


ကားကိုနောက်ကနေ ဝင်တိုက်ခံရသဖြင့် အတိုက်ခံရသော ကားပေါ်မှလင်မယားနှစ်ဦး ဆင်းလာခဲ့ပြီး ပြဿနာကိုဖြေရှင်းရန် ပြောကြားစဉ် ဝင်တိုက်သော BMW ကားပေါ်မှ အသက် ၁၉ နှစ်အရွယ် လူငယ်က ဒေါသထွက်ကာ ကားဖြင့် လင်မယားနှစ်ဦးစလုံးကိုပါ ဝင်တိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်မှလူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်တစ်ခု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ အာဂျင်တီးနားနိုင်ငံတွင် မနေ့က ဖြစ်ပွားခဲ့ပြီး BMW မောင်းနှင်သူ အသက် ၁၉ နှစ်အရွယ် Alan Dening ဆိုသူ လူငယ်က ရှေ့မှကားကို ဝင်တိုက်မိပြီး မောင်းထွက်ရန် ကြိုးစားခဲ့သည်။ ရှေ့ကားမှ ရပ်လိုက်ပြီး ကားပေါ်မှ လင်မယားနှစ်ဦး ဆင်းလာက ပြဿနာဖြေရှင်ရန် ပြောကြားစဉ် လူကိုပါ အရှိန်ဖြင့် ဝင်တိုက်ခဲ့သဖြင့် အမျိုးသားမှာ လမ်းဘေးသို့ လဲကျခဲ့ပြီး အမျိုးသမီးမှာ ကားနှစ်စီးကြားညပ်ကာ လမ်းပေါ် ခွေလဲကျသွားခဲ့သည်။
 
ထို့နောက် လူငယ်က ထွက်ပြေးရန် ကြိုးစားစဉ် အနီးရှိလူများက ဝိုင်းဝန်းဖမ်းဆီးရာ လူငယ်က ပြန်လည်ရန်ပြုကာ ဓါးကိုင်ခြိမ်းခြောက်ခဲ့သည်။ ဒါ​ပေမယ့်နောက်ဆုံးမှာတော့ ဝိုင်းဖမ်းတာ ခံလိုက်ရပါတယ်။ လူငယ်၏ အဖော်ဖြစ်ဟန်တူသော အမျိုးသမီးငယ်တစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ကားပေါ်မှ ဆင်းကာ ရှောင်ထွက်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။
 
 
ဒဏ်ရာရခဲ့သူ လင်မယားနှစ်ဦးစလုံးကို စန်တီနာရီယိုမြို့ ဆေးရုံသို့တင်ပို့ခဲ့ပြီး စိုးရိမ်လောက်သည့် ဒဏ်ရာများမရခဲ့ကြောင်း သိရှိရသည်။
ရဲအဖွဲ့က ဖြစ်စဉ်ကို စစ်ဆေးလျှက်ရှိပြီး ယာဉ်တိုက်မှု၊ ယာဉ်တိုက်မိကို ရှောင်ထွက်ရန်ကြိုးစားမှု၊ ဒေါသအလျှောက် လူကိုနာကျင်စေမှု၊ ခြိမ်းခြောက်မှုတို့နဲ့ အရေးယူခံရမှာဖြစ်ပါတယ်။

01 Oct 2018     1,715 Views




RELATED

Most Popular of International News

Most Popular of NEWS