BEC-TERO TV

ရိုနာဒို ကာမအတင်းရယူမှုနဲပါတ်သတ်ပြီး ရဲတပ်ဖွဲ စစ်ဆေးမည်

02 Oct 2018     1,320 Views


လက်စ်ဗီးဂတ် ရဲတပ်ဖွဲ့ကတော့ ဟိုတယ်ခန်းတစ်ခုအတွင်းမှာ ရိုနာဒိုဟာ မော်ဒယ်တစ်ယောက်ကို ကာမမှုအတင်း ရယူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အမှုကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိအသက် 34 နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကာသန်မာယော်ဂါဟာ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်ပြီး ၊ 2009 ခုနှစ် ဇွန်လ 13 ရက်နေ့ည အစောပိုင်းက လက်စ်ဗီးဂက်က ပန်းမ် ဟိုတယ်မှာ ရိုနာဒိုဟာ သူ့မကို အတင်းအားဓမ္မ ပြုကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရိုနာဒိုက  Video Live လွှင့်ပြီး “ ဒီကနေ့ ပြောနေကြတဲ့ သတင်းတွေက လုံးဝ မမှန်ပါဘူး ၊ သတင်းအမှားတွေ ။ သူတို့ဟာ ကျနော့်ရဲ့ နာမည်ကို အသုံးချပြီး နာမည်ကြီးချင် နေကြတဲ့ သူတွေပါ။ ဒါမျိုး လုပ်ဆောင်ချက်တွေ ရိုးနေပါပြီ။ ကျနော့်အတွက်တော့ အမြဲတမ်းပဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်နေဖြစ်ပါတယ်” လို့ ငြင်းဆို သွားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရိုနာဒို ရဲ့ ရှေ့နေတွေက အဲဒီ သတင်းကို စတင် ဖော်ပြခဲ့တဲ့ ဂျာမန်သတင်း စာကို အသေရေ ဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်လာခဲ့ပြီး ၊ မာယော်ဂါ ရဲ့ ရှေ့တွေကလဲတကယ် ကျူးလွန်ခဲ့ကြောင်း သက်သေပြဖို့ အမှု ဖွင့်လိုက်တာမို့ ၊ လက်စ်ဗီးဂက် ရဲ့တပ်ဖွဲ့ ၀င်တွေကို ပြန်လည် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်ကြောင်း မနေ့ကပဲ တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ရိုနာဒိုဟ အဲဒီအချိန်က အပန်းဖြေဖို့အမေရိကားကို ရောက်ရှိနေချိန် ဖြစ်ပြီး ၊ မာယော်ဂါနဲ့ ကလပ်တစ်ခုမှာ တွေ့ဆုံခဲ့ကြကာ ၊ နားဘေးကပ်ကာ တစ်ခုခုပြောဆိုနေတဲ့ ဓါတ်ပုံတွေ ဆက်လက်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုတွဲဖိုင်တွေမှာ ရေးဖြည့်ထားတဲ့ အချက်အလက်တွေ အရ ရိုနာဒိုက မာယော်ဂါကို သူ့နေတဲ့ အခန်းဆီ ခေါ်ဆောင်ခဲ့ပြီး ၊ ရေးချိုးကန်ထဲမှာ အတူတူ ရေးချိုးဖို့ အတင်း ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အမျိုးသမီး ဖြစ်သူဘက်က အင်္ကျီတွေ ရေစိုမှာ စိုးလို့ ငြင်းဆန်တာကြောင့် ၊ ရေချိုးခန်း အတွင်းချိတ်ထားတဲ့ အင်္ကျီ တစ်တည်ကို လဲဖို့ ရိုနာဒိုက ပြောဆိုခဲ့ပါတယ်။

အဲဒီလို အ၀တ်လဲနေချိန်မှာပဲ ရိုနာဒိုက အနားကို ရောက်ရှိလာခဲ့ကာ ကာမရယူဖို့ စတင် အားထုတ်လာခဲ့ပြီး ၊ အမျိုးမျိုး ငြင်းဆန်နေသည့် ကြားထဲကနေ အတင်းအဓမ္မ ရယူသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းအချို့ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူမအနေနဲ့ လူသိရှင်ကြား ထုတ်မပြောဖို့ ၊ ရိုနာဒို ရဲ့ ရှေ့တွေကနေ တစ်ဆင့် လျှော်ကြေး ပေါင် 287000 ရယူပြီး ကျေနပ်ခဲ့တယ်လို့ ဖော်ပြထားသလို၊ လက်ရှိ သူမရဲ့ ရှေနေကတော့ အဲဒီ အချိန်ကမယ်ယော်ဂါဟာ စိတ်တွေ ကယောက်ဂယက် ဖြစ်နေခဲ့တာကြောင့် သဘောတူညီမှုတစ်ခု ဆိုတဲ့ အဓိပ္ပါယ်ကို ငြင်းဆိုထားပြီး တွန်းအားပေးတဲ့ ပုံစံမျိုးနဲ့ရယူသွားတာ ဖြစ်တယ်လို့အခိုင်အမာ ဆိုထားပါတယ်။ ဒါ့အပြင် အဲဒီအချိန်က သူ့မဟာ အခြေအနေတွေကို သေချာလေ့လာ သုံးသပ်နိုင်စွမ်း အပြည့်အ၀မရှိခဲ့ပဲ၊ စိတ်တွေ ခြောက်ခြားနေခဲ့တာ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပြန်ပါတယ်။

သူမ ကိုယ်တိုင်ကတော့ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ရိုနာဒိုဟာ 99% လူကောင်းတစ်ယောက်ဖြစ်ကြောင်း ၊ သူကတော့ 1% မကောင်းတဲ့ အချိန်လေးရဲ့ဓါးစာခံ ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။


02 Oct 2018     1,320 Views




RELATED

Most Popular of Football

Most Popular of Sport