အသက် ၄ နှစ် ကလေးကို အစ်ကိုဖြစ်သူက ၇ ထပ်တိုက်ပေါ်ကနေလွှင့်ပစ်ချ
02 Oct 2018 1,497 Views

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်ကို အသက် ၂၀ အရွယ် အစ်ကိုအရင်းဖြစ်သူက နေအိမ်တိုက်ခန်း ၇ ထပ်တိုက်၏ ခေါင်မိုးပေါ်ကနေ လွှင့်ပစ်ချခဲ့သဖြင့် ကလေးငယ်သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဖမ်းဆီးခံထားရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အဆောက်အဦရှေ့ရှိ မြေကွက်လပ်တွင် မလှုပ်မယှက်ဖြစ်နေသော ကလေးငယ်ကို ရဲအရာရှိများက တွေ့ရှိခဲ့ပြီးနောက် သေဆုံးကြောင်း ကြေညာခဲ့သည်။
ရဲများက ကလေး၏ အစ်ကိုဖြစ်သူ “ရှောင်းစမစ် (Shawn Smith)” ကို ဖမ်းဆီးခဲ့ပြီး သူကလည်း ညီဖြစ်သူကို ၇ လွှာ ခေါင်းမိုးပေါ်မှာ ပစ်မြောက်ကစားခဲ့ကြောင်းဝန်ခံ ထွက်ဆိုခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် Shawn က အဆောက်အဦလှေကားကို တက်လိုက်ဆင်းလိုက် လုပ်ခဲ့ကြောင်း အိမ်နီးချင်း မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသည်။
ကလေးငယ်သေဆုံးခဲ့သည့်အပေါ် အိမ်နီးချင်းများက ထိတ်လန့်အံ့သြခဲ့ရပြီး အဆိုပါကလေးငယ်မှာ သွက်လက်၍ ချစ်စရာကောင်းသူလည်း ဖြစ်ကြောင်း သိရှိရသည်။
အစ်ကိုဖြစ်သူ Shawn မှာ စိတ်ကျန်းမာရေးနဲ့ ပက်သက်ပြီး နခင်က စိတ်ကစဉ့်ကလျားရောဂါခံစားခဲ့ရဖူးပြီး ဆေးကုသခံယူခဲ့ရသူဖြစ်ကြောင်း ဆွေမျိုးတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါအမှုကို ဒုတိယတန်းစား လူသတ်မှုအဆင့် သတ်မှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။