BEC-TERO TV

သားသမီးအပေါ်ထားရှိတဲ့ အမေတစ်ယောက်ရဲ့ မေတ္တာကိုဖော်ကျူးထားတဲ့ သီချင်းတစ်ပုဒ်

02 Oct 2018     1,860 Views


အမေဆိုတာ သားသမီးတွေဆီကို မျှော်လင့်ခြင်းကင်းတဲ့ မေတ္တာမျိုးနဲ့ ချစ်မြတ်နိုးတာ ဖြစ်တယ်။ ကိုယ့်သားသမီး ဘယ်လောက်ပဲ အသက်ကြီးသွားပါစေ အမေတွေရဲ့မျက်စိ ထဲမှာတော့ ကလေးလေးပါပဲ။

အမေဆိုတာ သူ့တစ်ဘဝလုံးကို သားသမီးနဲ့လင်ယောင်္ကျားအတွက် ပေးဆပ်ထားရပေမဲ့ ပေးဆပ်တာကို ပေးဆပ်ရတာလို့ မမြင်ရက်သူ။

ကိုယ့်သားသမီးကိုလဲ သူများထက်တော်စေတတ်စေချင်တာ အမေတွေရဲ့ အတ္တဖြစ်တယ်။

မိသားစုအရေး သားသမီးအရေးတွေကိုပဲ တွေးတောနေရတဲ့အမေဟာ သူ့အကြောင်း သူတွေးဖို့မေ့နေတာ။

သားသမီးတွေအတွက် အကောင်းဆုံးတွေကိုပဲ ပေးဖို့ အမြဲတွေးတောနေပေမယ့် သူ့အတွက် အကောင်းဆုံးက ဘာလဲဆိုတာတော့ အမေ မေ့နေခဲ့တယ်။

ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေပြီး ပျော်ရွှင်စေချင်တာ အမေတွေရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်တယ်။

သားသမီးကို အမေ့ထက်သာတဲ့ ဘဝမျိုး ပိုပျော်ရွှင်ရတဲ့ ဘဝမျိုးပိုင်ဆိုင် စေချင်တာ အမေရဲ့ တစ်ခုတည်းသော အတ္တဖြစ်တယ်။

သီချင်းရေးဆရာတစ်ဖြစ်လဲ အဆိုတော်ယန်ဟီးအွန်းဟာ သူ့ရဲ့ ဂန္ဓဝင်ဆန်ဆန် တေးဂီတ ကြောင့်နာမည်ကြီးလာရပါတယ်။ သူမဟာ ဂီတကို ၁၉၉၉ ခုနှစ်က စလုပ်ခဲ့တာဖြစ်ပြီး သီချင်းများကိုလဲ ဆက်လက်ရေးသားနေခဲ့ပါတယ်။

သူမရဲ့ နာမည်အကြီးဆုံး သီချင်းတစ်ပုဒ်ကတော့ From Mother to Daughter ပါ။

ထိုသီချင်းကို SBS ကထုတ်လွှင့်တဲ့ Fantastic Duo အစီအစဉ်မှာ  AKMU အဖွဲ့မောင်နှမ နှစ်ယောက်နဲ့ အတူတကွဖျော်ဖြေခဲ့ကြပါတယ်။ သီချင်းရဲ့ စာသားတွေဟာတကယ့် လက်တွေ့မှာဖြစ်နေတဲ့ အမေနဲ့ သမီး တို့ရဲ့ အခြေအနေနဲ့ ကိုက်ညီလှတာကြောင့် ခံစားချက်တွေတိုက်ဆိုင်ပြီး ကြည့်ရှုသူပရိတ်သတ်များတောင် မထိန်းနိုင်ပဲ မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ အထိပါပဲ။

 


02 Oct 2018     1,860 Views




RELATED

Most Popular of Special or Others

Most Popular of NEWS