BEC-TERO TV

ဂျပန်နိုင်ငံ ရောက်ရှိနေတဲ့ စိုင်းစိုင်းခမ်းလှိုင်

02 Oct 2018     1,428 Views


မင်္ဂလာပါ popolay ပရိတ်သတ်ကြီးရေ

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းလမ်းလှိုင်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျပန် ဂီတချစ်ကြည်ရေးဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။

ဘစိုင်းက စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ကြောင်းကို သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၁ရက်နေ့ မနက် ၅ နာရီခန့်မှာ ဂျပန်နိုင်ငံရှိ နာရီတာလေဆိပ် သို့ရောက်ရှိပြီဖြစ်ကြောင့် သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဘစိုင်းဟာ တိုကျိုမြို့တွင်း လည်ပတ်သွားလာ နေတဲ့ပုံများကို Live video နှင့်တကွသူ့ရဲ့  ဆိုရှယ်မီဒီယာ အကောင့်များမှာတင်ခဲ့ပါတယ်။


02 Oct 2018     1,428 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS