BEC-TERO TV

အင်ဒိုနီးရှား နိုင်ငံတွင်ငလျင်ဒဏ်ကြောင့် လူပေါင်းများစွာအသေအပျောက်များလျက်ရှိ

02 Oct 2018     1,540 Views


ပြီးခဲ့တဲ့ သောကြာနေ့က အင်ဒိုနီးရှား နိုင်ငံ ပါလူး(Palu)မြို့မှာကြီးမားတဲ့ ဆူနာမီ တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။

အဆိုပါ ငလျင်ကြောဟာ ပမာဏပြင်းအား ၇.၅ ရှိပြီး သေဆုံးသူ ၉၄၅ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒဏ်ရာရသူ ၇၉၉ ဦးရှိပြီး လူ ၉၉ ယောက် ပျောက်ဆုံးနေတယ်လို့ စူလာဝါဆီ(Sulawesi) ပြည်နယ်ရဲ့ အုပ်ချုပ်ရေးရုံးမှ အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းအတိအကျ ထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေး အဖွဲ့များကလဲ အတတ်နိုင်ဆုံး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေ ကာ ကယ်ဆယ်လျက်ရှိပါတယ်။ ထောင်ပေါင်းများစွာသော အိမ်တွေဖျက်ဆီးခံရပြီး သစ်ပင်များ နှင့် အဆောက်အအုံများပြိုကျ ပျက်ဆီးကုန်တာမို့ လမ်းများပိတ်ဆို့ကာ သွားလာရန် အခက်အခဲရှိနေပါတယ်။

မုန်တိုင်း ပြီးဆုံးသွားတဲ့ ညလယ်လောက် အချိန်မှာ ဒဏ်ရာရရှိခဲ့သော ကျွန်းသူကျွန်းသား များကို ကျွန်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ မြို့ငယ်လေးမှာ ဆေးကုသဖို့ ခေါ်ဆောင်သွားကြပါတယ်။ ဒဏ်ရာရတဲ့လူဦးရေ များပြားတာကြောင့် ဆေးရုံတွင် နေရာမဆံ့ဖြစ်ကာ ဆေးရုံအပြင်ဘက်တွင်အိပ်ခဲ့ရသော ဒဏ်ရာရ လူနာများလဲအများအပြားရှိနေခဲ့ပါတယ်။

ကယ်ဆယ်သူများနဲ့ ဆရာဝန်များက အတတ်နိုင်ဆုံး ကြိုးပမ်းနေကြပေမဲ့ သေဆုံးသူဦးရေဟာ နာရီ၊မိနစ်၊စက္ကန့်နဲ့အမျှ ပို၍ တိုးပွားလာပါတယ်။

အသေအပျောက် များခြင်းရဲ့အဓိက အကြောင်းအရင်းကတော့ ငလျင်မလှုပ်ခတ်ခင် ညနေပိုင်းမှာ ကမ်းခြေမှာ လူပေါင်းတစ်ရာခန့် ဟာ ပါတီပွဲကျင်းပခဲ့ကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ပျောက်ဆုံးသူတော်တော်များများကလဲ အဆိုပါ ပါတီပွဲထဲကပဲဖြစ်တယ်လို့ဆိုထားပါတယ်။

နာမည်ကြီး အပန်းဖြေဟိုတယ်များနှင့် တံတားများပါ အဖတ်ဆယ်လို့မရတော့အောင် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။


02 Oct 2018     1,540 Views




RELATED

Most Popular of Special or Others

Most Popular of NEWS