BEC-TERO TV

မော်ရင်ဟို နဲပါတ်သတ်ပြီး ပေါ့ဘာ ပြောလာပီ

02 Oct 2018     1,296 Views


ပြင်သစ်လက်ရွှေးစင် ကစားသမားပေါ့ဘာက ”မန်ချက်စတာ ယူနိုက်တတ်အသင်း က  ဇန်နဝါရီမှာ မော်ရင်ဟိုကိုထုတ်ပယ်ခဲ့မယ်ဆိုရင် အသင်းအနေနဲ့ ပြသာနာတစ်စုံတစ်ရာ ရှိလာနိုင်တယ်လို့ “ကာကွယ်ပြောဆိုခဲ့ပါတယ်။

ပြီးခဲတဲ့ ဝက်စ်ဟမ်းအသင်း ၃-၁ နှင့် ရှုံးတဲ့ပွဲစဉ်မှာ သူ့ကို လူးစားလဲခဲ့ တာနဲ့ပါတ်သတ်ပြီ်း ” ပြောစရာမရှိပါဘူး မန်နေဂျာ ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားရပါမယ် “ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်း နဲ့ပွဲတွင် ကွင်းလယ်ကစားသမား ၃ ယောက်အထိ အသုံးပြုခဲ့ပြီး ကွင်းလယ်ကစားသမား တော်မီနေး ကို နောက်ခံနေရာမှာ အသုံးပြုခဲ့တာဖြစ်ပါတယ် ။မော်ရင်ဟို ၏  လူထုတ်ပုံနှင့် ကစားသမားတွေအပေါ် အပြစ်တင်နေတာတွေကို မီဒီယာတွေနဲ့ ချဲ့ကားပြောဆိုကြပေမဲ့ ပေါဘာက “ ဒါကို ကျွှန်တော်တို့ကို အပြစ်တင်နေတာမဟုတ်ပါဘူး ကစားသမားတွေ နဲ့ အသင်းရလဒ် ပိုကောင်းဖို့ အတွက်သာဖြစ်ကြောင်း၊ နားလည်ပေးဖို့ လို့ကြောင်း ” ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ ၁၉၈၉ နောက်ပိုင်းအဆိုးဝါးဆုံး အခြေအနေနဲ့ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ဇယားရဲ့ အဆင့် ၁၀ နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။ယနေ့ည ၁ ခွဲအချိန်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဗလင်စီယာ အသင်းကို လက်ခံကစားသွားရမည်ဖြစ်ပါတယ်။

 


02 Oct 2018     1,296 Views




RELATED

Most Popular of Football

Most Popular of Sport