အစိုးရဘဏ်ထုတ်မှ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတုများ ဖြေရှင်းပေးစေလို
02 Oct 2018 1,575 Views

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးလိုက်သော ကျပ်တစ်သောင်းတန် (၁ သိန်းအုပ်) ဘဏ်ထုတ်ထဲတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၃ ရွက် စုစုပေါင်း ကျပ်သုံးသောင်း ပါရှိခဲ့သည့်အတွက် ပြည်သူများအနေနဲ့ နစ်နာမှုများရှိနေပြီး ငွေစက္ကူအတုပြဿနာကို တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်သူတစ်ဦးမှ လူမှုကွန်ယက်ပေါ်ကနေ ရုပ်သံဖြင့် ပြောဆိုအသိပေးလိုက်ပါတယ်။
New New YU Wai အကောင့်ပိုင်ရှင်က သူမ၏ လူမှုကွန်ယက်ပေါ်ကနေ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
#ငွေအတု
ကျွန်မ အခု ဘီးလင်းမြို့ ဧရာဝတီဘဏ်မှာပါ သထုံ မြန်မာ့စီးပွါးရေးဘဏ်က ထုတ်လာတဲ့ ငွေထဲမှာ ငွေ အတု ၁၀၀၀၀ တန် ၃ ရွက် ပါလာပါတယ် အစိုးရဘဏ်မှာ ငွေတုစစ်ဆေးတဲ့ စက် ရှိဘို့ လိုအပ်တယ်ရှင်
ကိုယ့်မြို့ က ဘဏ်မှာ ငွေလာသွင်းလို့ ဘာဆိုးကျိုးမှ မဖြစ်တာလေ ကျွန်မတို့ပြည်သူတွေ သည်ဆိုးကျိုးတွေကို သည်လိုပဲ ခံနေရမှာလားေ ငွ ၃၀၀၀၀ ကို အလွယ်တကူ ဘယ်မှာမှ နှိုက်ယူလို့မရပါဘူး
သထုံ မြန်မာ့စီးပွါးရေးဘဏ်ကို စစ်ဆေးပေးကြပါ အခု ထုတ်လာတဲ့ငွေကလည်း အစိုးရဘက်ဂျက်ကျလာတဲ့ငွေပါ အစိုးရတာဝန်ရှိလူကြီးမင်းများ ကျွန်မတို့ရဲ့ နစ်နာမှုတွေအတွက် စီစဉ်မှု တစ်ခုခု ပြုလုပ်ပေးဘို့ တောင်းဆိုချင်ပါတယ်ရှင့်
ငွေအတုတွေ သည်လောက်ထိ ပျံ့နေပြီလား??? တာဝန်ရှိ လူကြီးများသိရအောင် တယောက် တချက် Share ပေးကြပါရှင်
#Updatenews AYA ရဲ့ ဆက်စပ်မှု တစ်ခု ထပ်မံသိရှိရပါတယ်
ဖြည့်စွက် ပေးပါ့မယ်ရှင်
မယုဝေ
ဘီးလင်းမြို့
၀၉၇၈၉၇၉၄၆၆၄
၀၉၉၆၅၅၆၁၆၂၉