BEC-TERO TV

ချစ်ခင်ပွန်းနဲ့အတူ ပုဂံမြို့တစ်ခွင် အထာကျကျနဲ့ ဆိုင်ကယ်ပတ်စီးနေတဲ့ သက်မွန်မြင့်

02 Oct 2018     2,135 Views


ချစ်သက်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးသက်မွန်မြင့်ကတော့ အနုပညာပိုင်းမှာလဲ ရိုးသားကြိုးစားသူတစ်ယောက်ဖြစ်ကာ ဇာတ်ရုပ်တိုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆု ၂ ဆုကိုထိုက်တန်စွာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ တိုင်းရင်းသူလေးပီပီ စကားပြောရာမှာလဲ ဟန်ဆောင်မှုမရှိပွင်းလင်းရိုးသားကာ ရင့်ကျက်တည်ငြိမ်တဲ့အလှကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေးဖြစ်ပါတယ်။

သူမရဲ့လှုပ်ရှားမှုပုံရိပ်မှန်သမျှကို ပရိသတ်တွေနဲ့ဝေးကွားမှုမရှိအောင် လူမှုကွန်ယက်ကနေ အမြဲမပြတ်တင်ပေးလေ့ရှိတဲ့ သက်မွန်တစ်ယောက် ပုဂံကို ခင်ပွန်းသည်နဲ့အတူရောက်ရှိလို့နေပါတယ်။ ဆိုင်ကယ်စီးဝါသနာပါတဲ့ ခင်ပွန်းဖြစ်သူကြောင့် ပုဂံမြို့ကိုလိုက်ပါရင်း ဇနီးမောင်နှံနှစ်ယောက် ဆိုင်ကယ်စီးရင်းလည်ပတ်နေကြတဲ့ ပုံရိပ်တွေနဲ့အတူ “ဆိုင်ကယ်ဝါသနာအိုးကို ယူထားမိတော့ ကြောက်ပေမယ့် ပါသွားရတာပါပဲ” Caption လေးရေးကာ မျှဝေထားတာဖြစ်ပါတယ်။ ချစ်သက်တစ်ယောက် ခင်ပွန်းသည်နဲ့အတူ ပုဂံမှာ ဆိုင်ကယ်စီးရင်း ဘယ်လိုအထာတွေကျနေလဲဆိုတာ ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်....

သရုပ်ဆောင်သက်မွန်မြင့်ဟာ အနုပညာပိုင်းမှာ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ထားနိုင်ရုံသာမက ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကိုပါ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ စစ်မှန်တဲ့မေတ္တာ နားလည်မှုတွေကိုပေးတဲ့ ခင်ပွန်းသည်နဲ့အတူ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုပိုင်ဆိုင်ကာ ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးကို ပုံဖော်နေကြသူတွေမို့ ပရိသတ်တွေက သက်မွန်အပါအ၀င် သူမရဲ့မိသားစုလေးကိုပါ ချစ်ခင်အားကျနေကြရတာပဲဖြစ်ပါတယ်။

 

 


02 Oct 2018     2,135 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment