BEC-TERO TV

ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးထူးများ

02 Oct 2018     2,070 Views


ဘီယာသောက်ခြင်းဖြင့် ကျန်းမာရေးအတွက် အံမခမ်းလောက်အောင် အကျိုးထူးများ ရရှိစေတယ်ဆိုတာကို ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသီများက အရွယ်ရောက်ပြီးသူ ၈၀,၀၀၀ ကျော်ကို စမ်းသပ်ပြီးနောက်မှာ သိရှိခဲ့ပါတယ်။
 
ဘီယာမှာ ဗီတာမင်တွေမျိုးစုံ ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်နိုင်တဲ့အပြင် အသားအရေနဲ့ ဆံပင်တို့ကိုလည်း အားဖြည့်ပေးနိုင်ပါသေးတယ်။ ဘီယာသောက်ခြင်းကြောင့် မယုံကြည်နိုင်လောက်အောင် ရရှိနိုင်တဲ့ ကျန်းမာရေး သုခတွေကို အောက်မှာ တစ်ချက်ခြင်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
 
သိပြီးသားဆိုပေမယ့် ဘီယာအကြောင်းလေး နဲနဲလောက် ပြောပြပါရစေ။ ဘီယာဆိုတာ တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သောက်သုံးနေကြတဲ့ ယမကာတစ်မျိုးဖြစ်ပါတယ်။ ဘီဘာဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ယမကာလည်းဖြစ်ပြီး ရှေးဟောင်းအီဂျစ်နိုင်ငံကြီး ထွန်းကာစဉ် ဘီစီ ၅၀၀၀ လောက်ထဲက စတင်ခဲ့တယ်လို့ သိရပါတယ်။
 
ဘီယာယာဉ်ကျေးမှုဟာ ခေတ်အဆက်ဆက် အရှေ့အလယ်ပိုင်းကို ဖြတ်ပြီး မြေထဲပင်လယ်ကနေ ဥရောပကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ ဘယ်လဂျီယံ တို့က ဘီယာချက်လုပ်ရာ ပင်မနိုင်ငံကြီးတွေ ဖြစ်လာခဲ့ပါတယ်။
 
ဘီယာကို သဘာဝကောက်ပဲသီးနှံတွေဖြစ်တဲ့ ဘာလီစေ့၊ ဂျုံ၊ ပြောင်းတို့ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အတွက် သဘာဝကပေးတဲ့ လက်ဆောင်လို့တောင် အမွှန်းတင်လိုက်ချင်ပါသေးတယ်။
ဘီယာသောက်ခြင်းကြောင့် ရရှိစေနိုင်တဲ့ အကျိုးကျေးဇူများကတော့ -
 
 
၁။ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို လျှော့ချနိုင်
 
ဘီယာဟာ ကျောက်ကပ်ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ကျောက်တည်ခြင်းကို လျှော့ပေးနိုင်ပါတယ်။ ဘီယာတစ်ပုလင်း သောက်လိုက်တဲ့ ပမာဏဟာ ဆီးကျောက်တည်ခြင်းကို ၄၀% လျှော့ချပေးပါတယ်။
 
 
၂။ နှလုံးရုတ်တရက်ဖောက်ခြင်းကို ကာကွယ်
 
ဘီယာအနက်ရောင် နဲ့ စတောက်ဘီယာတို့က ရုတ်တရက် နှလုံးရောဂါဖောက်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသီအဖွဲ့က တွေ့ရှိထားပါသေးတယ်။
 
 
၃။ လေဖြတ်ခြင်းကို လျော့ချနိုင်
 
လေဖြတ်ခြင်းဆိုင်ရာ အမေရိကန်အဖွဲ့အစည်းနဲ့ သုတေသီများ တစ်ညီတစ်ညာထဲ ပြောဆိုထားတာကတော့ ဘီယာအတန်အသင့် သောက်သုံးသူများဟာ လေဖြတ်ခြင်းအန္တရာယ် လျော့နည်းစေတယ်လို့ ဆိုထားပါတယ်။
 
လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ သွေးခဲလေးများက သွေကြောတွင်း ပိတ်ဆို့မှုကြောင့် ဦးနှောက်ကို အောက်ဆီဂျင်မရတော့တာကြောင့်ဖြစ်ပါတယ်။ ဘီယာသောက်ခြင်းဖြင့် သွေးကြောတွေဟာ ကျုံ့နိုင်ကျယ်နိုင်တဲ့ အနေအထားရှိတာကြောင့် သွေးစီးဆင်းမှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ လေဖြတ်နိုင်ချေကို လျှော့ချပေးနိုင်တာဖြစ်ပါတယ်။
 
 
၄။ အရိုးများကိုသန်မာစေ
 
အားလုံးသိထားကြတာက သံဓါတ်ပါသော ငါးအသေးလေးများကို စားသုံးခြင်းက အရိုးသန်မာစေတယ်လို့ ဖြစ်ပါတယ်။ အခုတစ်ခါ ဘီယာသောက်ခြင်းကပါ အရိုးများကို သန်မာစေတယ်လို့ ဆိုထားပြန်ပါတယ်။
 
ဘီယာမှာ ပါဝင်တဲ့ အဆင့်မြင့် ဆီလီကွန် က အရိုးတွေကို သန်မာကြီးထွားဖို့ ပံ့ပိုးပါတယ်။ ဒါပေမယ့် အချိန်အဆလေးတော့ လိုပါတယ်။ တစ်ရက်မှာ ဘီယာတစ်ခွက် သို့မဟုတ် နှစ်ခွက် ပုံမှန်သောက်သုံးခြင်းက အရိုးများကို သန်မာစေပေမယ့် ဒီထက်ပိုပြီး အလွန်အကျွံသောက်မယ်ဆိုရင်တော့ အရိုးကျိုးလွယ်ခြင်းကို ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။
 
 
၅။ ဆီးချိုဖြစ်နိုင်ခြေလျော့နည်း
 
တစ်ရက်လျှင် ဘီယာ တစ်ခွက်ကနေ နှစ်ခွက်ထိ ပုံမှန်သောက်သုံးတဲ့ အသက်လတ်ပိုင်း လူတစ်ယောက်ဟာ ဆီးချိုအမျိုးအစား နံပါတ် ၂ ဖြစ်နိုင်ခြေနည်းကြောင်း ၂၀၁၁ ခုနှစ်က ဟားဗတ် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
 
 
၆။ မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ ဖြစ်နိုင်ခြေနည်း
 
ဘီယာသောက်သုံးခြင်းကြောင့် သဘာဝအရေ အသက်အရွယ်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါ ခေါ်သော မှတ်ဉာဏ်ချို့ယွင်းလာခြင်း ရောဂါကိုလည်း လျော့ချပေးနိုင်ပါတယ်။ လေ့လာစမ်းစစ်ချက်အရ ဘီယာကို အတော်အသင့်သောက်သုံးသူများဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေ ၂၃% လျော့နည်းကြောင်း တွေ့ရှိခဲ့ကြသည်။
 
 
၇။ ဗောက်ပျောက်စေနိုင်
 
ဦးရေပြားပေါ်က ဗောက်ပျောက်ဖို့ဆိုရင် ဘီယာသောက်ခြင်းဖြင့် သဘာဝနည်းလမ်းကျကျ ဖြေရှင်းနိုင်ပါတယ်။ ဘီယာမှာပါဝင်တဲ့ တဆေး နဲ့ ဗီတာမင်ဘီ တို့က ဗောက်တွေကို နှိမ်နင်းပေးနိုင်ပါတယ်။ ဘီယာနဲ့ ခေါင်းလျှော်ခြင်းဖြင့် ဗောက်ပျောက်စေပြီး ဆံပင်ကို သန်စွမ်းတောက်ပစေပါတယ်။
 
 
၈။ ပါးရေနားရေတွန့်လိပ်ခြင်းကို နှေးကွေးစေ
 
ဘီယာမှာ ပါဝင်တဲ့ ဗီတာမင်အီး က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်တီအောက်ဆီဒင့် တို့ကို များစွာအားပေး အကျိုးသက်ရောက်စေပါတယ်။ ဘီယာကို ပုံမှန်သင့်တတော်တဲ့ ပမာဏသောက်သုံးသူတွေရဲ့ အသားအရေဟာ အသက်အရွယ်ကြောင့် ပြောင်းလဲလာတဲ့ လျော့တွဲတွန့်မှုတွေကို နှေးကွေးသွားစေပါတယ်။
 
 
၉။ ကင်ဆာရောဂါကိုသက်သာစေ
 
အိုင်ဒါးဟိုးတက္ကသိုလ်က ပညာရှင်သုတေသီတွေက ဘီယာဟာ ကင်ဆာရောဂါကိုကောင် ပျောက်ကောင်းပျောက်စေနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ အမေရိကန် ဓါတုဗေဒအသင်းကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှာ သုတေသီတစ်ဦးက၊ ဘီယာရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အရာတွေပါနိုင်တဲ့အတွက် ဒီအရာကို သိအောင် စူးစမ်းကြရန် တိုက်တွန်းခဲ့ပါတယ်။
 
 
၁၀။ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေ
 
ကျွန်တော်တို့ကြားဖူးတာ “ဘီဘာဗိုက်” လို့ပဲ ကြားဖူးပါတယ်။ ဒါပေမယ့် ဘီယာက ကိုယ်အလေးချိန်လျော့ကျစေပါတယ်လို့ ပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဘီယာထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်လို့ အလေးချိန် လျော့ကျစေနိုင်ပါတယ်။
 
 
ဖော်ပြပါအချက်တွေကတော့ ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးထူးတွေပဲဖြစ်ပါတယ်၊ မည်သို့ပင်ဆိုစေကာမူ ‘တန်ဆေး လွန်ဘေး’ ဆိုသည့်စကားအတိုင်း ကျန်းမာရေးနဲ့ အညီမျှတစွာ သောက်သုံးခြင်းကသာလျှင် ဖော်ပြပါ အကျိုးထူးတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါကြောင်း ထပ်လောင်း သတိပြုစေလိုပါတယ်ခင်မျာ။
 
(ပိုပိုလေး)
 

02 Oct 2018     2,070 Views




RELATED

Most Popular of Special or Others

Most Popular of NEWS