BEC-TERO TV

ဗလင်စီယာ ကို သရေကျခဲ့ပြီး မှတ်တမ်းဆိုး တစ်ရပ် ပိုင်ဆိုင်သွားတဲ မော်ရင်ဟို

03 Oct 2018     1,299 Views


ဗလန်စီယာ အသင်း နဲ့ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အပြီး မှာ တော့ မော်ရင်ဟို ဟာ သူ့ ရဲ့ နည်းပြ ဘဝ သက်တမ်း တစ် လျောက် ပထမ ဦးဆုံး အကြိမ် အဖြစ် အိမ်ကွင်း မှာ ပြိုင်ပွဲ စုံ လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံး တဲ့ မှတ်တမ်း ဆိုး တစ်ရပ် ကို ပိုင်ဆိုင် သွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ပေါ်တူဂီ သား နည်းပြ ဟိုဆေး မော်ရင်ဟို က တော့ ယူနိုက်တက် ပရိသတ် တွေ အလို မရှိ ကြတဲ့ ၊ သူ့ နည်းပြ ဘဝ မှာလည်း တစ်ကြိမ် မှ မရရှိ ခဲ့ဖူး တဲ့ မှတ်တမ်း ဆိုး တစ်ရပ် ကို ဗလန်စီယာ နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် အပြီး ပိုင်ဆိုင် သွားခဲ့ ရပါပြီ ။

ထို့အတူ ယူနိုက်တက် ဟာ လည်း 2015ခုနှစ် ၊ လူးဝစ်ဗန်ဟားလ် နည်းပြ ခဲ့စဉ်တုန်း က အိမ်ကွင်း လေးပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံး ထား ခဲ့တဲ့ မှတ်တမ်း ဆိုးကို ပိုင်ဆိုင်ထားခဲ့ ဖူးတာမို့ ၊ ဒီတစ်ကြိမ်ဟာ နောက် တစ်ကြိမ် ပိုင်ဆိုင်လိုက် ခြင်း ဖြစ်ပါတယ်။

ဒါဟာ 1989 – 90 ရာသီ နောက်ပိုင်း အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ အဆိုး ရွား ဆုံး ပုံစံ နဲ့ ရာသီ သစ် ကိုစတင် ခဲ့ ရတဲ့ ယူနိုက်တက် အတွက် နောက်ထပ် စိတ်ပျက် စရာကောင်းတဲ့ မှတ်တမ်း ဆိုး တစ်ခု ပဲ ဖြစ်ခဲ့ ရ ပါတယ် ။

ဒါ့ အပြင် အသင်း ရဲ့ကစား သမား ဟောင်း အချို့ ဟာလည်း လက်ရှိ နည်းပြ မော်ရင်ဟို ရဲ့ အပြု အမူ တွေ အပေါ်အမျိုးမျိုး ဝေဖန် သုံးသပ် နေ ကြပြီး ကွင်းလယ် ကစား သမား ဟောင်း တစ်ဦး ဖြစ်သူ ပေါလ် စခိုးလ် က ပေါ်တူဂီ သား ဟာ အသင်း ကို အရှက် ရအောင် လုပ်ဆောင် နေတယ် လို့ ပြင်းပြင်းထန်ထန် ဝေဖန် ထားခဲ့ ပါသေးတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီ ရာသီ အတွင်း လက်စတာ စီးတီး အသင်း နဲ့ ကစား ခဲ့ ရတဲ့ ရာသီ အဖွင့် ပွဲစဉ်မှာသာ 2 – 1ဆိုတဲ့ ရလာဒ် နဲ့ အိမ်ကွင်းနိုင်ပွဲ တစ်ပွဲသာ ရရှိထားခဲ့ ပါတယ် ။

အဲ့ဒီ နောက် တော့တင်ဟမ် ဟော့ စပါး ၊ ဝုလ်ဗာ ဟန်တမ် ၊ ဒါဘီ ကောင်တီ ၊ ဗလန်စီယာ တို့ နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် တွေ မှာ ယခင် တုန်းက အိမ်ကွင်း ရလာဒ် အကောင်း ဆုံး အသင်း တွေ ထဲ က တစ်သင်း ဖြစ် တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ အိမ်ကွင်း မှာ လေးပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ မာမာထန်ထန် တုန့်ပြန်ကစားတက်တဲ့ နယူးကာဆယ် အသင်း နဲ့ စနေနေ့ မှာ အိမ်ကွင်းမှာရင်ဆိုင် ကစားသွား  ရှိနေ ပါတယ် ။

နယူးကာဆယ် နဲ့ ကစား ရမဲ့ အိမ်ကွင်း ပွဲစဉ် ကတော့ အိုးလ်ထရပ်ဖို့ဒ် မှာ အနာဂတ် မသေချာ တော့တဲ့ ဟိုဆေး မော်ရင်ဟို အတွက်ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာဖို့ ရှိနေ ပါတယ် ။

 

 

 

 


03 Oct 2018     1,299 Views




RELATED

Most Popular of Football

Most Popular of NEWS