BEC-TERO TV

စိတ်ကောင်းထားတတ်ဖို့လိုတယ်

03 Oct 2018     2,379 Views


 
ကံကောင်းတယ်ဆိုတာက အလုပ်ကောင်းခဲ့လို့ပါ.. အဲ့တစ်ခုတည်းနဲ့ပြည်စုံပြီလား ဆိုတော့ မဟုတ်သေးပါဘူး.
မင်းအခုကံကောင်းနေတယ်လို့ပြောရင် "အရင်တုန်းကမင်း ကောင်းတာလုပ်ခဲ့လို့ကံကောင်းတာလို့ပြောမှာပဲ "
တစ်ကယ်တော့ လက်ရှိမှာစိတ်ထားတတ်ဖို့ကလည်းလိုသေးတယ်...
 
 
ငါကံကောင်းနေတာပဲ ငါဘာအလုပ်လုပ် အဆင်ပြေမှာပဲထင်ရင် ကားတွေပြေးနေတဲ့လမ်းမပေါ် မျက်လုံးအုပ်လမ်းလျှောက်ကြည့်ပလပ်ကျွတ် မသာတောင်ပေါ်သွားဦးမယ် ဒါကြောင့် ကံဆိုတာ တစ်စိတ်တပိုင်းအနေနဲ့ပါဝင်ပြီး လက်ရှိမှာစိတ်ထားတတ်ဖိုကအရေးကြီးပါတယ်။တချို့အချိန်တွေမှာ ဘာလုပ်လုပ်အဆင်ပြေနေတတ်တယ် ဒါကကံကောင်းနေတာရော လက်ရှိမှာ စိတ်ထားကောင်းအောင် ထားတတ်လို့ပါ။
 
အရင်တုန်းကဆို ကျွန်တော်ကိုယ်လုပ်ခဲ့တဲ့အရာတစ်ခုကို အဆင်မပြေရင် စိတ်ဆင်းရဲတယ် ဒေါသထွက်တယ်အမျိုးမျိုးပဲအဆင်မပြေကြောင်း ၊ မကောင်းတဲ့စိတ်ကြီးက စွဲနေတယ် ..အဲ့တော့ နောက်ထပ်ပါ အဆင်မပြေတစ်ခုပြီးတစ်ခုဖြစ်ပါလေရော..ဒီထက်ဆိုးတာက မရောက်လာသေးတဲ့အခြေအနေတွေကိုပါ လုပ်နိုင်ပါ့မလား ဖြစ်နိုင်ပါ့မလား ဆိုတဲ့ စိတ်ဆိုးကြီးကတားပြီးကြိုတင်စိတ်ဆင်းရဲစေရော.. အခုတော့Noပါ ..
 
 
ဒါတွေက တစ်ကယ်မကောင်းပါဘူး ဖြစ်နိုင်ရင် အမြန်ဆုံးပြင်သင့်ပါတယ် လူဆိုတာကံကောင်းချိန် ကံဆိုးချိန်ရှိပါတယ်။
တစ်ခုတည်းတစ်သတ်မှတ်ထဲ့မသွားပါဘူး အစစအရာရာဘာလုပ်လုပ်အဆင်ပြေနေရင်ကံကောင်းနေတယ်လို့ သတ်မှတ်ပြီး အဆင်မပြေရင်ကံဆိုးတယ်လိုပြောကြတယ် ဘာလိုအခြေအနေပဲဖြစ်ဖြစ် စိတ်ကိုအပေါင်းဆောင်နေအောင် နေတတ်ရမယ် ဒါမှသာ ကောင်းတာတွေဆက်ဖြစ်လာနိုင်မှာပါ။
စိတ်ထားကောင်းပြီးကံကောင်းကြပါစေ...

(ပိုပိုလေး)


03 Oct 2018     2,379 Views




RELATED

Most Popular of Special or Others

Most Popular of NEWS