အွန်လိုင်းပေါ်မှာ ဆန်းပြားတဲ့ပုံစံနဲ့ ဈေးရောင်းနေသူ (ရုပ်သံ)
03 Oct 2018 1,602 Views

အွန်လိုင်းပေါ်ကနေ Live Video လွှင့်ပြီး ဈေးရောင်းတဲ့ စင်ကာပူနိုင်ငံသူ အမျိုးသမီးတစ်ဦးဟာ ထူးခြားဆန်းပြားတဲ့ တီထွင်မှုတွေကြောင့် ခဏလေးအတွင်းမှာပင် ပရိသတ်တွေ စိတ်ဝင်စားလာတဲ့ ဆယ်လီတစ်ဦးဖြစ်လာပြီး သူမရဲ့ လုပ်ငန်းကလည်း အဆင်ပြေလာပါတယ်။
အသက် ၃၀ အရွယ်သာရှိသေးတဲ့ "Lerine" ဟာ သူမရဲ့ပင်ကိုယ်ဟန်ပန်အတိုင်းပဲ ရိုးသားပွင့်လင်းစွာ အွန်လိုင်းပေါ်မှာ ဈေးရောင်းတတ်တာကြောင့် တစ်ခါတစ်ရံ ဝယ်သူတွေ သဘောပေါက် နားလည်အောင် တင်ဆက်တဲ့ သူမရဲ့ ပုံစံက ရီချင်စရာလည်းကောင်းသွားတတ်ပါတယ်။
ဒီတစ်ခါမှာလည်း တီရှပ်အင်္ကျီတစ်ထည်ကို စင်ကာပူ ၇ ဒေါ်လာနဲ့ ရောင်းချနေပြီး၊ တီရှပ်တွေဟာ Free size ဘယ်သူမဆိုဝတ်လို့ရတဲ့ အကြောင်းကို သဘောပေါက်အောင် သူမတင်ဆက်ထားပုံက သဘောကျစရာကောင်းလွန်းလို့ ရီရတာမျက်ရည်ပါထွက်တယ့်လို့ "Lerine" ရဲ့ Live Video တွေ အမြဲကြည့်ဖြစ်တဲ့ "Sherly Ler" အကောင့်ပိုင်ရှင်က ရေးသားပြီး သဘောကျလွန်းလို့ သူမရဲ့ wall ပေါ်မှာ စက်တင်ဘာလ ၃၀ ရက်နေ့က ပြန်တင်ခဲ့ရာမှာ ကြည့်ရှုသူ၊ ပြန်လည်မျှဝေသူ၊ ကွန်မန့်ရေးသားသူတွေ များပြားခဲ့ပါတယ်။ လတ်တလောမှာတော့ ဟော့အဖြစ်ဆုံး ဗီဒီယို တစ်ခုအဖြစ် ပျံ့နှံလျှက်ရှိပါတယ်။