BEC-TERO TV

ဆံပင်ပျက်စီးမှုလိုက် ဂရုပြုရမည့်နည်းလမ်း

03 Aug 2015     1,398 Views


ဆံပင်ရုတ်တရက် ကျွတ်တာ ဆံပင်တွေနည်းပါနေတာဟာ လွန်ခဲ့သော ၃လလောက်ကကိုယ်ရဲ့ ဘ၀နေထိုင်စားသောက်ပုံနဲ့ ဆက်စပ်နေပါတယ်။ အရင်၃လလောက်က စိတ်ဖိစီးမှု ၊ ကျန်းမာရေးပြသနာ ၊ ဆေးဝါးသောက်သုံး ခဲ့ရတာ တွေအပေါ်မူတည်ပြီးတော့ ဆံပင်ကျွတ်တာ ၊ ပါးတာတွေဖြစ်နိုင်ပါတယ်။

ထိုနောက်သိုင်းရိုက်စ် ဟော်မုန်းမမျှတတာ ၊ ဆီးချို သွေးချို ရောဂါ ၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ လူတို့ကျန်းမာရေးအခြေအနေနဲ့လည်းစပ်ဆက်နေပါတယ်။ ထို့ပြင်အာဟာရဓာတ် ချို့တဲ့မှုတွေကြောင့်လည်းဆံပင်ကျွတ်နိုင်ပါတယ်အဲ့တာကြောင့်ဆံပင်ကျွတ်နေတဲ့အချိန်မှာဆိုရင် ပရိုတင်းဓါတ်များများပါတဲ့ အစားအစာတွေစားပေးရပါမယ်။

သွေးစီးဆင်းမှု အားကောင်းစေရန် ဦးရေပြားကို နှိပ်နယ်ပေးရပါမယ်။ အဲ့လိုနှိပ်နယ်ပေးတဲ့အတွက် ဆံပင်အုံထူစေပြီး ဆံပင်သားကို ပုံကျလှပစေပါတယ်။ ပြီးတော့ ဆောင်းတွင်းဘက်မှာအဖြစ်များတဲ့ဗောက်ထတာနဲ့ ဦးရေပြားနီမြန်းတာ ဟာ အရေပြားရောင်ရမ်းတဲ့ လက္ခဏာတစ်ရပ်ပါ ။

အဲ့တာကြောင့် ဆေးဖက်ဝင် Shampoo တွေ ၊ ဆရာဝန်ညွန်ကြားချက်ပါတဲ့ ဦးရေပြားလိမ်း Cream တွေကိုလိမ်းတဲ့ အခါမှာဗောက်ထတာကိုသက်သာစေပါတယ်။ နောက်တမျိုးကတော့ ဆံပင်တွေ ကျိုးပျက်ပြီးတော့ ဆံပင်သားတွေ မာကျောနေတာဟာ ဆံပင်သား အားနည်းမှု ၊  ဆံပင်ပြုပြင်တဲ့ အခါမှာ ဓာတုပစ္စည်းတွေ အလွန်အကျွံ သုံးစွဲတာတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ ဆံပင်သားတွေကျိုးပဲမှု ၊ ကြမ်းတမ်းပြီးတော့ မာကြောမှုတွေ ဖြစ်လာပါတယ်။

ထို့ပြင် အပူပေးပြီး ခြောက်သွေ့အောင်လုပ်တာ ၊ အပူသုံးပြီးကောက်တာ ဖြောင့်တာတွေက ဆံပင်သားရဲ့တည်ဆောက်ပုံကို အားနည်းစေနိုင်ပါတယ်။ ဆံပင်တွေ ခုလိုဖြစ်တဲ့ အခါမှာ ဆံပင်ရဲ့ အတွင်းသားတည်ဆောက်မှုကောင်းစေဖို့နဲ့ နောက်ထက်ထပ်ပြီးထိခိုက်မှု မဖြစ်အောင် ဆံပင်ကို အမြဲတမ်းပုံမှန်ပေါင်းတင်ပေးရပါမယ်။

မိမိရဲ့ ဆံပင်သားက ခြောက်သွေ့ ကျွတ်ဆတ်နေရင် အမီကာ3ဖက်တီးအက်စစ်အများကြီးပါဝင်တဲ့ ထောပတ်သီး ၊ ဆယ်လမွန်ငါး နဲ့ ဆာတေးငါး တွေကိုစားပေးရမယ်။ ထိုအစားအစာများကို မစားဖြစ်ဘူးဆိုရင်အိုမီကာ3ဖက်တီးအက်စစ် ဆည့်စွက်ဆေး ကိုမှီဝဲသင့်ပါတယ်။ထိုအချက်တွေကို လိုက်မယ် ဆိုရင် ဆံပင်သားကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့အောင် ဆံသားတွေ လှပနေမှာပါ။


03 Aug 2015     1,398 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style