BEC-TERO TV

ဂရိဇိမ်ခံသင်္ဘော ပင်လယ်ထဲတွင် အင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

03 Oct 2018     1,304 Views


လူထောင်နဲ့ချီလိုက်ပါလာသော ဂရိအပျော်စီးသင်္ဘော ခုတ်မောင်းသွားလာနေစဉ် အင်ဂျင်ပေါက်ကွဲရာမှ ပင်လယ်ထဲတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ခရီးသည်များအားလုံး ထိတ်လန့်ခြောက်ခြားခဲ့ကြရသည်။ သင်္ဘောကြီးအနီးပင်လယ်ပြင်တစ်ခုလုံးတွင် မီးခိုးလုံးများ ပြည့်နှက်သွားခဲ့ပြီး သင်္ဘောပေါ်ပါသူများ အသက်ရှုမွမ်းကျပ်မှုဒဏ် ခံစားခဲ့ကြရသည်။
 
ANEK ဂရိသင်္ဘောကုမ္ပဏီပိုင် Eleftherios Venizelos အပျော်စီးသင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Crete ရှိ Chania မြို့သို့ ဦးတည်မောင်းလာစဉ် နံနက်ဝေလီဝေလင်းအချိန်၌ သင်္ဘောအင်ဂျင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။
အင်ဂှင်ပေါက်ကွဲမှာကြောင့် သင်္ဘောအောက်ပိုင်းရှိ ကားများထားရာနေရာမီးလောင်ခဲ့ပြီး မော်တော်ယာဉ်အစီးပေါင်း ၂၀၀ ကျော်မီးလောင်ကျွမ်းခဲ့သည်။ သင်္ဘောပေါ်တွင် ခရီးသည် ၈၇၅ ဦးနှင့် အမှုထမ်း ၁၄၁ ဦးတို့လိုက်ပါခဲ့ပြီး ရေတပ်မှ မော်တော် ၉ စီး ကယ်ဆယ်ရေး ရေယာဉ်များချက်ခြင်းလာရောက်ကာ လူများကို ကယ်ဆယ်နိုင်ခဲ့ကြပြီး သင်္ဘောကိုလည်း ဆိပ်ကမ်းသို့ အန္တရာယ်ကင်းစွာ ပြန်ဆွဲလာနိုင်ခဲ့ကြောင်း သိရှိရသည်။
 
 
သင်္ဘောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူမရှိခဲ့သော်လည်း သင်္ဘောပေါ်တွင် အသက်ရှုမွန်းကျပ်မှုဒဏ်ကို အလူးအလဲခံခဲ့ရကြောင်း ခရီးသည်အချို့မှ ပြန်လည်ပြောကြားခဲ့သည်။

03 Oct 2018     1,304 Views




RELATED

Most Popular of International News

Most Popular of NEWS