BEC-TERO TV

လီဗားပူးလ် အသင်းအတွက် ဥရောပ အဝေးကွင်း စာမေးပွဲ

03 Oct 2018     1,310 Views


မနက်ဖြန် မနက် ၁ နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် ရဲ့အကောင်းဆုံး ပွဲစဉ် တစ်ပွဲဖြစ်တဲ့ လီဗာပူးလ် အသင်းနှင့် စီရီအေ ကလပ် နာပိုလီ အသင်းနှင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါတယ်။ လီဗားပူးလ် အသင်းဟာ အုပ်စု ပထမ ပွဲစဉ် မှာ အင်းအားတောင့်တင်းတဲ့ ပီအက်စ်ဂျီ အသင်းကိုတောင့် ၃- ၂ ဖြင့် အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ နာပိုလီ အသင်းက နည်းပြ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုဖြင့် စီရီအေ အမှတ်ပေးဇယား ၂ နေရာမှာရပ်တည်နေပြီး အိမ်ကွင်းဖြစ်တာကြောင့် ပြိုင်ဖက် လီဗာပူးလ် အသင်း ခက်ခက်ခဲခဲရင်ဆိုင်သွားရမည်ဖြစ်ပါတယ် ။  Head to Head နောက်ဆုံး ၃ ကြိမ်တွေ့ဆုံမှုတော့ လီဗားပူးလ် အသင်းက ၂ ကြိမ်နိုင် ၊ ၁ ကြိမ် သရ ကျထားပါတယ်။

 အန်ဆယ်လော့တီ က “လီဗားပူးလ် က Special Team ပါ ၊ မနှစ်က ချန်ပီယံလိဂ်မှာ Final အထိ ရောက်ခဲ့တဲ့အသင်းပြီး  ၊ ဥရာပအကောင်းဆုံး အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်တာကြောင့်  မစောင့်နိုင်လာက်အောင်ဖြစ်မိပါတယ် “  လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် ကလော့ က “အန်ဆယ်လော့တီရဲ စွဲမက်ဖွယ်ကောင်းတဲ့ ကစားဟန် ကို ဂျာမနီ မှာ ကိုင်ကတည်းက သဘောကျခဲ့တာပါ၊ သူဟာ အရမ်းတော်တဲ့ နည်းပြတစ်ယာက်ဖြစ်ပါတယ်၊ ဒါမဲ့ ဒီညမှာတော့ ကျွှန်တော်တို့ နာပိုလီအသင်းကို  ဖြိုဖျက်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ လို့ ” ပြောကြားခဲ့ပါတယ်။

ဒီနှစ်သင်း ဘယ်အသင်းက အနိုင်ရသွားမလဲ ….

 

 


03 Oct 2018     1,310 Views




RELATED

Most Popular of Football

Most Popular of NEWS