BEC-TERO TV

ပျော်ရွှင်နေတဲ့ကိုယ့်ဘ၀လေးက ဒဏ်ရာရစေလားလို့ မေးခွန်းထုတ်လိုက်တဲ့ နေခြည်ဦး

03 Oct 2018     1,446 Views


ခြည်ခြည်လို့ဆိုလိုက်တာနဲ့ အမြဲလိုတက်ကြွလန်းဆန်းတဲ့ အမူအယာလေးတွေနဲ့ ဟန်ဆောင်မှုမရှိ ရိုးသားပွင့်လင်းစွာပြောဆိုနေထိုင်တတ်သူလေးတစ်ယောက်ကို ပြေးမြင်မိမှာပါ။ သွက်လက်ထက်မြတ်ပြီး အရာရာကို ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ ချီချီကတော့ Beauty Blogger တစ်ယောက်အဖြစ်နဲ့ မိန်းကလေးပရိသတ်များစွာရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ယခုနောက်ပိုင်း အနုပညာနယ်ပယ်ထဲဝင်ရောက်ကာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း သရုပ်ဆောင်ဘ၀ကိုပါ ခြေလှမ်းစတင်နေပြီဖြစ်တဲ့ ချီချီတစ်ယောက် အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ အပြင်းစားဝေဖန်တိုက်ခိုက်မှုတွေကိုပါ ခံလာရတာပဲဖြစ်ပါတယ်။

ဘယ်လိုပြောဆိုဝေဖန်မှုမျိုးကိုမဆို လျစ်လျူရှုရင်း သူမရွေးချယ်ထားတဲ့လမ်းကိုသာ ဆက်လက်လျှောက်လှမ်းနေတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ ပြင်သစ်နိုင်ငံမှာ အပျော်ကြီးပျော်နေတာကိုတွေ့ရပါတယ်။ သရုပ်ဆောင် ၀တ်မှုန်ရွှေရည်တို့နဲ့အတူ တက်ရောက်ခဲ့တဲ့ Paris Fashion Week ကြီးပြီးဆုံးသွားခဲ့ပေမယ့် ပြင်သစ်နိုင်ငံမှာအပန်းဖြေလည်ပတ်နေတဲ့ ချီချီကတော့ ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်လို့နေပါတယ်။

ကလေးလေးလို စိတ်ချမ်းမြေ့ပျော်ရွှင်နေတဲ့ ခြည်ခြည်က “ပျော်ရွှင်နေတဲ့ ကိုယ့်ဘ၀လေးက မင်းကို ဒဏ်ရာတွေ ရနေစေလို့လားကွာ” ဆိုကာ Paris မှာပျော်ရွှင်စွာလည်ပတ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ပျော်ရွှင်နေတဲ့သူမဘ၀လေးက ဒဏ်ရာတွေရစေလားဆိုပြီး ဝေဖန်ပြောဆိုနေကြသူတွေကို ညွှန်းဆိုကာ မေးခွန်းလေးထုတ်လိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ chillies လေးတွေကတော့ သူမပျော်သလို ထပ်တူပျော်ရွှင်မိကြောင်း ချစ်စရာကောမန့်လေးကို ၀ိုင်းပေးထားကြတာလဲတွေ့ရပါတယ်။ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကျော်လွှားနိုင်တဲ့ ခြည်ခြည်ရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူလောက်စရာပါပဲနော်….

 


03 Oct 2018     1,446 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment