သင်ဟာ Early Bird လား Second Mouse လား
03 Oct 2018 2,570 Views

နောက်မှပေါ်လာတဲ့ iPhone တို့ဘာတို့က ဘယ်လိုပင် အဆင်ပြေကောင်းမွန်အောင်လုပ်ထားတယ်ပြောပြော လူဆိုတာမျိုးကလဲ ကိုယ့်လက်ထဲမှာလက်ရှိအသုံးပြုနေတာအဆင်ပြေနေတာပဲ နောက်ထွက်မယ့် ဟာက ဘယ်လိုလဲဆိုတာကိုယ်မှသေချာမသိသေးတာပဲ ငါတော့လက်ရှိအဆင်ပြေတာပဲဝယ်သုံးမယ် အဲ့လိုကိစ္စမျိုးရှိလာနိုင်ပါတယ်။ ဒါကတော့ ပထမလက်ဦးမှုရရှိထားတဲ့ ဝီရိယရှိသူရဲ့အားသာချက်ပဲဖြစ်တယ်။ သူဟာ ရှေးဦးပထမတည်းက ဈေးကွက်မှာ နာမည်တစ်ခုရရှိထားတဲ့အတွက် အခိုင်အမာ ပရိတ်သတ်ကို သူကအရင်ရရှိမှာဖြစ်တယ်။

Early Bird လိုမျိုး ဝီရိယရှိတာမျိုးကလဲမမှားပါဘူး။ ဒါပေမဲ့ ဉာဏ်ကိုလွှာမသုံးရင် ဘယ်လောက်ပဲ ကြိုးစားအားထုတ်မှုရှိရှိအရာထင်မှာမဟုတ်ပါဘူး။ ကြိုးစားသလောက် အရာမထင်ရင် နောက်ဆုံးမှာဆောက်တည်ရာမရဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အချိန်အခါကောင်းကို စောင့်ကြည့်တတ်တဲ့ Second mouse လိုမျိုးကျင့်ကြံနေထိုင်ပြီး Early Bird လိုမျိုး ဝီရိယထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေ။








